NLD အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဟု CNF မျှော်လင့်

NLD အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်နိုင်မည်ဟု CNF မျှော်လင့်
by -
ခိုနူမ်းထုန်
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD အနေဖြင့် လက်ရှိ အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်များအကြား ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်နိုင် မည်ဟု မျှော်လင့်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

imagesမြန်မာနိုင်ငံ၏ နှစ်ပေါင်း (၆၀)ကျော်ကြာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ပြီး ပင်လုံ စာချုပ်နှင့် ပင်လုံကတိကဝတ်ကို အခြေခံသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများမှတဆင့် လွတ်လပ် ခြင်း၊ တန်းတူခြင်းနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝ ရှိသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအလို့ငှာ ပြည်သူ့အစိုးရဖွဲ့စည်းမည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ NLD အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်းများ အားလုံးပါဝင်စေလျှက် ဆက်ရှိဖော်ဆောင်နေသော ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ပိုမိုပြည့်စုံခိုင်မာအောင် ဆက်လက်တာဝန်ယူဆောင်ရွက်နိုင်မည်ဟု မျှော်လင့် ထားကြောင်း နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်သော CNF ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြ ဌာန်းခွင့်တို့ကို အာမခံချက်ပေးသည့် ဒီမိုကရေစီ စနစ်အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစံနစ် တည်ဆောက်ရေးအတွက် မည်သည့် နိုင်ငံရေးပါတီ၊ အစိုးရနှင့်မဆို လက်တွဲဆောင်ရွက်သွားမည်ဟု ချင်းအမျိုးသားတပ်ဦးက ပြောသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် NLD ပါတီသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားရေးရာ လွှတ်တော်အသီးသီးတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။

ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ ဆုံဆွေးနွေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွွှေမန်း နှင့် တပ်မတော်ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက်အရ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် နိုဝင်ဘာ ၁၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံသော ပူးတွဲကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့ကြသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အနေဖြင့်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီသို့ ဦးတည်သည့် တွေ့ဆုံမှုမျိုး ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း CNF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...