တီးတိန်မြို့ပြည်သူ့လွှတ်တော်နေရာ ပူးကျင်းရှင်းထန် သေချာ

တီးတိန်မြို့ပြည်သူ့လွှတ်တော်နေရာ ပူးကျင်းရှင်းထန် သေချာ
by -
ခိုနူမ်းထုန်
ချင်းပြည်နယ် တီးတိန်မြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်သော ဇိုမီးဒီမိုကရေစီအဖွဲ့ချူပ် (ZCD)ဥက္ကဌ ပူးကျင်းရှင်းထန်သည် ပြိုင်ဘက်ကိုယ်စားလှယ်လောင်းများထက် မဲအသာစီးရရှိနေပြီး သေချာသလောက်ရှိ နေပြီဟု သိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲမဲရလဒ်အခြေအနေနှင့်ပတ်သက်ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တရားဝင်ကြေညာခြင်း မရှိသေးသော်လည်း မဲပေးနိုင်သူဦးရေ ၄ သောင်း၄ထောင်ခန့်ရှိသော တီးတိန်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ပူးကျင်းရှင်းထန်မှ မဲ တစ်သောင်းခွဲကျော်ရရှိနေပြီဖြစ်သောကြောင့် သေချာနေပြီဟု ZCD အတွင်းရေးမှူး ဦးဂင်ကမ်းလျန်ပြောသည်။

“ ပြည်သူ့လွှတ်တော်မှာ ပူးကျင်းရှင်းထန်ကတော့ သေချာသလောက်ရှိပါပြီ တစ်သောင်းခွဲလောက်ရပြီဆိုတော့ ကျန်တဲ့သူ တွေက တစ်သောင်းတောင်မရဘူးဆိုတော့ သူကသေချာပါတယ်’’ ဟု ဦးဂင်ကမ်းလျန်ကပြောသည်။

တီးတိန်မြို့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ပူးကျင်းရှင်းထန်အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဒေါက်တာ ၀ုန်ဆွန်ထန်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဒိုဆွန်းမုန်၊ ချင်းတိုးတက်ရေးပါတီမှ ဒေါ်ဝန်ဆွင်းဒိမ်း၊ ချင်းအမျိူးသားဒီမိုကရက် တစ်ပါတီမှ ဦးရှင်းဇာနန် နှင့် ချင်းဒီမိုကရေစီအဖွဲ့ချူပါတီမှ ဒေါက်တာဝမ်းလျန်းထန် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၆ ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီကတော့ တီးတိန် ပြည်သူ့လွှတ်တော်နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ပူးကျင်းရှင်းထန် ကို ရှောင်ပေးခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...