Chin–Lushai-Kuki မျိုးနွယ်စု အားလုံး ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူ Pu R. Thangmawia ကွယ်လွန်

Chin–Lushai-Kuki မျိုးနွယ်စု အားလုံး ပြန်လည်ပေါင်းစည်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်သူ Pu R. Thangmawia ကွယ်လွန်
by -
ခိုနူမ်းထုန်
ဗြိတိသျှကိုလိုနီအုပ်ချူပ်မှုစနစ်ကြောင့် အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့်စသည့် သုံးနိုင်ငံတွင် သီးခြားအုပ်ချုပ်မှုစနစ်အောက် ၌ နေထိုင်ခဲ့ကြရသော Chin-Lushai-Kuki မျိုးနွယ်စုများအားလုံး အုပ်ချုပ်မှုတစ်ခုအောက်သို့ ပြန်လည်ပေါင်း စည်းနေထိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်း လုပ်ဆောင်လာခဲ့သူ အသက် (၈၀) ရွယ် Pu R.Thangmawia သည် ဇူလိုင် ၂၀ ရက်နေ့က ဆွီဇာလန်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည်။

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အခြေစိုက် Zo Reunification Organisation (ZoRO) အဖွဲ့၏ ဥက္ကဌလည်း ဖြစ်သည့် Pu R. Thangmawia သည် ကမ္ဘာ့ကုလသမဂ္ဂဗဟိုဌာနချုပ် ဆွီဇာလန်နိုင်ငံ Geneva တွင် ဇူလိုင်လ ၂၀ မှ ၂၄ရက်နေ့အထိ ကျင်းပလျက်ရှိသော UN 8th Session on Expert Mechanism on The Rights of Indigenous People အစည်းအဝေး တက်ရောက်ရန် ရောက်ရှိနေ သည့်အချိန် ဇူလိုင်လ ၂၀ ရက်နေ့၊ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်(မြန်မာစံတော်ချိန်)တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာ၏ဖော်ပြချက်အရ Pu R. Thangmawia သည် သူတည်းခိုသော ဟိုတယ်ရေချိုးခန်းတွင် သတိမေ့မျောနေသည်ကို တွေ့မြင်ကြပြီးနောက် ဆေးရုံသို့ ပို့ဆောင်ကြသည့်အချိန်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ သူသည် ဆီးချို (Diabetes) ရောဂါဝေဒနာခံစားနေရသူဖြစ်ပြီး Stroke ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ သေဆုံးရခြင်းဖြစ်နိုင်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

မျိုးချစ်စိတ်ပြင်းထန်သော Pu R. Thangmawia သည် ၁၉၆၆ ခုနှစ် မီဇိုရမ်လွတ်မြောက်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆွဲကိုင်ပြီး အိန္ဒိယဗဟိုအစိုးရကို တော်လှန်ခဲ့ကြသော Mizo National Front (MNF) လှုပ်ရှားမှုများတွင်လည်း အဓိကအခန်းကဏ္ဍမှ ပါ၀င်ခဲ့သူဖြစ်ပြီး၊ MNF မြေအောက် အစိုးရတွင် လွှတ်တော်အမတ်(Senator) တစ်ဦးဖြစ်ခဲ့သည်။
 
နောက်ပိုင်းတွင် ZoRO အဖွဲ့ကို စတင်ဖွဲ့စည်းသည့် အချိန်တွင်လည်း ပါ၀င်ခဲ့ပြီး ၁၉၉၁ ခုနှစ်က စတင်ကာ ဥက္ကဌတာဝန်ကို ကွယ်လွန်သည့်အချိန်ထိ ကျေပွန်စွာ ထမ်းဆောင်ခဲ့သူဖြစ်သည်။

ZoRO တွင် စတင်တာဝန်ထမ်းဆောင် သည့်အချိန်မှစပြီး Pu R. Thangmawia သည် ကမ္ဘာ့ကုလ သမဂ္ဂလက်အောက်ရှိ ဌာနေတိုင်းရင်းသားလူမျိုးများအခွင့်အရေးဆိုင်ရာ စာချုပ်များကို ဆွဲကိုင်ကာ အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေရှ့် စသည့် သုံးနိုင်ငံတွင် ပြန့်နှံ့နေထိုင်ခဲ့ကြရသော  Chin-Lushai-Kuki မျိုးနွယ်စုများအားလုံး အုပ်ချုပ်မှုတစ်ခု (One Administration) အောက်တွင် စည်းလုံးညီညွတ်စွာ အတူတကွ ပြန်လည်နေထိုင်ခွင့်ရရေးအတွက် အစဉ်တစ်စိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့သူဖြစ်သည်။

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...