ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက် ယမန်နှစ်ထက် နှစ်ဆကျော်မြင့်တက်လာ

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်ချက် ယမန်နှစ်ထက် နှစ်ဆကျော်မြင့်တက်လာ
by -
ခိုနူမ်းထုန်
၂၀၁၄–၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲအောင်စာရင်းများကို တစ်နိုင်ငံလုံးရှိ ပြည်နယ် တိုင်းဒေသကြီးများ စာစစ်ဌာနများတွင် ဇွန်လ(၆)ရက်တွင် ထုတ်ပြန်ကြေငြာလိုက်ရာ ချင်းပြည်နယ်၏အောင်ချက်မှာ ယခင် ပညာသင်နှစ် ထက် နှစ််ဆကျော် မြင့်တက်လာသည်ဟု သိရသည်။

ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မှာ ၈.၀၇ သာရှိသော်လည်း ယခုနှစ်  ၁၇.၈၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၄-၁၅ ပညာသင်နှစ်တွင် ချင်းပြည်နယ်မှ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ကျောင်းသားဦးရေ စုစုပေါင်း ၉၆၃၉ ဦးရှိသည့် အနက် ကျောင်းသူကျောင်းသား စုစုပေါင်း ၁၇၂၀ ဦးအောင်မြင်ခဲ့ကြသည်။ ယင်းအထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင်(၁)၊ ၄ ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၃)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် (၂၃၃) ဦးရှိ သည်။

ဟားခါးမြို့နယ်သည် ၂၅.၇၄ ရာခိုင်နှုန်းဖြင့် ချင်းပြည်နယ်၏ အောင်ချက်အမြင့်ဆုံးမြို့နယ်အဖြစ် ရပ်တည်လျက်ရှိပြီး ပလက်ဝမြို့နယ်သည် ရ.၃၇ ရာခိုင်နှုန်းဖြင့် အောင်ချက် အနိမ့်ဆုံးမြို့နယ်အဖြစ် ရပ်တည်နေသည်။

ယခုကဲ့သို့ ချင်းပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမြင့်တက်လာရသည့်အကြောင်းတစ်ချက်မှာ ချင်းပြည်နယ်တွင် အလွတ် ပညာသင်ကျောင်း (ဘော်ဒါဆောင်) များလာပြီး ပညာရေးပြိုင်ဆိုင်မှု အားကောင်းလာခြင်းကြောင့်ဖြစ်သည်ဟု ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ပြောသည်။

“အလွတ်ပညာသင်ကျောင်းတွေ ကျနော်တို့ခွင့်ပြုတယ်၊ ဟားခါးဆိုရင် အလွတ်ပညာသင်ကျောင်းတွေ အများကြီးပေါ်လာ တယ်၊ တစ်ကျောင်းနှင့် တစ်ကျောင်း ပြိုင်လာကြတယ်၊ အရည်အသွေး ရှိအောင်ပေါ့၊ တစ်ခုနှင့်တစ်ခု Competition (ပြိုင် ဆိုင်မှု) တွေရှိတော့ အောင်ချက်တွေကောင်းလာစေတာပေါ့၊ ဒါကြောင့် အလွတ်ပညာသင်ကျောင်းတွေ များများလိုတယ်’’ ဟု ၀န်ကြီးကပြောသည်။

ယခုနှစ်နှင့် ပြီးခဲ့သည့်  ပညာသင်နှစ် အောင်ချက်ပမာဏကို နှိုင်းယှဉ်ပါက ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင် ချက်သည် နှစ်ဆကျော် ခုန်တက်လာသည်ဟု ဆိုရပေမည်။ သို့သော်လည်း တစ်နိုင်ငံလုံးအတိုင်း အတာနှင့် နှိုင်းယှဉ်ပါက ချင်းပြည်နယ်သည် အောင်ချက် အနိမ့်ဆုံးပြည်နယ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ချင်းပြည်နယ်သည် တက္ကသိုလ်ဝင်တန်းအဆင့်တွင် အောင်ချက်ရာခိုင်နှုန်း အနိမ့်ဆုံးအဆင့်တွင် ရှိနေသော်လည်း အခြေခံ ပညာမူလတန်းနှင့် အလယ်တန်းအဆင့်တွင် အခြားသော ပြည်နယ်တိုင်းများနှင့် ရင်ဘောင်တန်းလျက်ရှိပြီး မကြာမီအချိန် ကာလအတွင်း တက္ကသိုလ်ဝင်ခွင့် အောင်ချက်ရာခိုင်နှုန်းသည်လည်း ယခုထက်မက မြင့်တက်လာမည်ဟု ၀န်ကြီးကပြောသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...