စစ်ဘေးရှောင် ချင်းပြည်သူများ စစ်တပ်က နေရပ်ပြန်ခိုင်း

စစ်ဘေးရှောင် ချင်းပြည်သူများ စစ်တပ်က နေရပ်ပြန်ခိုင်း
by -
ခိုနူမ်းထုန်
မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပလက်ဝမြို့ နယ် ပီချောင်းအရပ် ပြင်စိုကျေးရွာမှ စစ်ဘေးရှောင် ချင်းပြည်သူများကို ဒေသတွင်း အခြေစိုက် ခလရ (၂၈၉) တပ်ရင်းမှ နေရပ် သို့ ပြန်သွားကြရန် အမိန့်ထုတ်ပြန်ထားသည်ဟု သိရသည်။

ပြီးခဲ့ သည့် မေလ (၁၃) ရက်နေ့က ခလရ (၂၈၉) တပ်ရင်းမှ ပြင်စိုကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့အား သီးသန့်ခေါ်ဆိုပြီး ၎င်းတို့နေရပ်သို့ ပြန်သွားကြရန် ဖိအားပေးပြောဆိုကာ ဒေသခံများက တပ်ရင်းမှူး၏ စကားကို မငြင်းဆိုဝံ့သောကြောင့် လက်ခံခဲ့ကြသည်ဟု သိသည်။

သို့သော်လည်း စစ်ဘေးရှောင် ပြင်စိုကျေးရွာသားများသည် ယခုချိန်တွင် မိမိတို့နေရပ်သို့ ပြန်နေမည်ဆိုပါက အခက် အခဲများစွာ ရင်ဆိုင်ရနိုင်ပြီး ဒေသခံများ၏ အဓိကအသက်မွေးဝမ်းကျောင်းဖြစ်သည့် တောင်ယာများမှာလည်း မီးမရှို့ရသေးခြင်း၊ စပါးကောက်ထိုးရန် အချိန်နောက်ကျသွားပြီဖြစ်၍ အလုပ်လက်မဲ့ဖြစ်မည့် အခြေအနေများနှင့် ရင်ဆိုင်လာရဖွယ်ရှိနေသည်။

ထို့အပြင် ပီချောင်း၏ အနောက်ဘက်တစ်လျှောက်တွင် လက်နက်ကိုင်နှစ်ဖွဲ့စလုံးမှ မြေမြှပ်မိုင်းများ ထောင်းထားခြင်းကြောင့် လုံခြံုရေးစိတ်မချရခြင်းနှင့် နှစ်ဖက်သောလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် စစ်ရေးလှုပ်ရှားမှုများတွင် အတင်းအကြပ်  လမ်းပြအဖြစ် ခေါ်ဆောင်မှုများရှိနေခြင်းကြောင့် နေရပ်သို့ပြန်သွားရန် အခက်အခဲဖြစ်နေကြသည်ဟု ပြင်စိုကျေးရွာ စစ်ဘေးရှောင်ပြည်သူများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းကဲ့သို့ အခက်အခဲများ ကြံုတွေ့နိုင်ရသောကြောင့် ယခုလက်ရှိ ယာယီခိုလုံနေထိုင်ကြသော ကြွေသောင်အုပ်စု၊ လောင်းတင် ရွာတွင် ဆက်လက်နေထိုင်ခွင့်ပြုရန် ပလက်ဝမြို့ ရပ်မိရပ်ဖများက ပလက်ဝမြို့နယ် အုပ်ချူပ်ရေးမှူးထံ စာရေးသားတောင်းဆိုခဲ့ကြသည်။

ယခုလက်ရှိ စစ်ဘေးရှောင်ပြည်သူများသည် ပလက်ဝမြို့နယ် ကြွေသောင်အုပ်စု၊ လောင်းတင်ရွာတွင် ခိုလုံနေကြရပြီး အိမ်ခြေ(၆၂)အိမ်၊ အိမ်ထောင်စု(၇၀) လူဦးရေစုစုပေါင်း ၃၅၆ ရှိကြသည်။ ယင်းတို့အထဲတွင် ကျောင်းသူကျောင်းသား ၁၁၁ ဦးပါ၀င်ကြသည်ဟုသိရသည်။

Most read this week

February 25, 2026
အာဏာသိမ်းစစ်ကော်မရှင်က လွှတ်တော်များကို လာမည့် မတ်လလယ်တွင် စတင်ခေါ်ယူ ကျင်းပပြီး...
February 24, 2026
ချင်းပြည်၊ တွန်းဇံမြို့နယ်တွင် ဒေသခံလူငယ်များနှင့် မြို့နယ်အတွင်းသို့ ရောက်လာသော ပြင်ပမှ အသက် ၁၆...
February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...