အမေရိကန်သံအမတ် Derek Mitchell ချင်းပြည်နယ် ရောက်ရှိ

အမေရိကန်သံအမတ် Derek Mitchell ချင်းပြည်နယ် ရောက်ရှိ
by -
ခိုနူမ်းထုန်
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ် Derek Mitchell သည် ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သို့ ဧပြီလ ၂၁ ရက်နေ့ က ရောက်ရှိခဲ့သည်။

ယခုခရီးစဉ်သည် အမေရိကန်သံအမတ်၏ ပထမဆုံးအကြိမ် ချင်းပြည်နယ်ခရီးစဉ်ဖြစ်သည်။ ဟားခါးမြို့မိမြို့ဖများကရိုးရာ ၀တ်စုံများဖြင့် မြို့အဝင်တွင် သူ့ကို ကြိုဆိုခဲ့ကြသည်။

အမေရိကန်သံအမတ်သည် ဟားခါးမြို့ရောက်ရောက်ချင်းတွင် ချင်းပြည်နယ်အစိုးရမှ ပြောင်းရွှေ့ခိုင်းခဲ့သောဆုတောင်း ပြည့်တောင် ကုန်းပေါ်ရှိ လက်ဝါးကပ်တိုင်စိုက်ထူရာနေရာကို သွားရောက်ခဲ့သည်။ ထို့နောက် ချင်းတောင်တွင် သာသနာပြု ခဲ့ကြသောအမေရိကန်နိုင်ငံသား Carson တို့ မိသားစုများ၏ သင်္ဂျိူင်းသို့ သွားရောက်လည်ပတ်ခဲ့သည်။

“ချင်းလူမျိူးတွေနဲ့ မိမိတို့အမေရိကန်တွေဟာဟိုးအရင် အမေရိကန်သာသာနာပြုအဖွဲ့ ရောက်ရှိလာတဲ့ အချိန်ကတည်းကစပြီးဆက် စပ်မှုရှိခဲ့ကြပါတယ်၊ အမေရိကန်အနေနဲ့ ချင်းလူမျိူးတွေကိုဘယ်တော့မှ မေ့မထားပါဘူး’’ ဟုသံအမတ်ကပြောသည်။

နေ့လည်ပိုင်းတွင် ချင်းပြည်နယ်ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအဖွဲ့ Chin Peace and Tranquility ၊ ချင်းအမျိူးသားတပ်ဦး (CNF) ခေါင်းဆောင်းများ၊ မြို့မိမြို့ဖများကိုလည်းတွေ့ဆုံခဲ့သည်။

သံအမတ်ကြီးသည် ဟားခါးမြို့တွင် တစ်ညတည်းခိုပြီးနောက်တနေ့ ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ချင်းမီဒီယာသမားများ နှင့် The Chinland Post ရုံးခန်းတွင် တွေ့ဆုံခဲ့ကြပြီးချင်းမီဒီယာများ၏ လက်ရှိအခြေအနေ၊ စိန်ခေါ်မှုများကိုချင်းမီဒီယာများ ကရှင်းလင်းတင်ပြခဲ့ကြသည်ဟု The Chinland Post အယ်ဒီတာချူပ် ဆလိုင်းမာန်ဟရဲလျန်ကပြောသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံကာရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွါ သွားသည်ဟုသိရသည်။

Derek Mitchell သည် ၂၀၁၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံဆိုင်ရာအမေရိန်ကန်သံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီးအမေရိ ကန်ပြည်ထောင်စုအနေဖြင့် နှစ်ပေါင်း ၂၀ ကျော်အတွင်းပထမဦးဆုံး မြန်မာနိုင်ငံဆိုင်ရာသံအမတ်အဖြစ်ခန့်အပ် ခံရသူဖြစ်သည်။

May 13, 2026
ချင်းပြည်နယ် မြောက်ပိုင်း၊ တွန်းဇံမြို့အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးစိုးရိမ်မှုကြောင့်...
May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...