ဒုက္ခသည်ဆိုသူများ ၀ိုင်းထိုးကြိတ်၍ ဘင်္ဂလာဒေ့ရှ်ရဲအရာရှိ ဆေးရုံတင်ရ

ဒုက္ခသည်ဆိုသူများ ၀ိုင်းထိုးကြိတ်၍ ဘင်္ဂလာဒေ့ရှ်ရဲအရာရှိ ဆေးရုံတင်ရ
by -
နိရဥ္စရာ
ဘင်္ဂလာဒေ့ရှ်နိုင်ငံမှ ရဲအရာရှိ တစ်ဦးဖြစ်သူ အိုင်စီ ကော်ဘီဟူစိန်ကို မြန်မာနိုင်ငံမှ ၀င်ရောက်လာသူ ဘင်္ဂလီများမှ ရို်က်နှက်ထိုးကြိတ်သဖြင့် ဒဏ်ရာ ရရှိသွားကာ ဆေးရုံတင်လိုက်ရသည်ဟု သိရသည်။

njr2601ရဲအရာရှိ ကော်ဘီဟူစိန်အား သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နော်ယာပါရာ ဒုက္ခသည်စခန်းတွင် ဘင်္ဂလီ ဒုက္ခသည် ၁၂ ဦးခန့်က ၀ိုင်းဝန်းရိုက်ပုတ် ထိုးနက်ခဲ့ကြောင်း Cox’Bazar News တွင် ဖော်ပြထားသည်။

နော်ယာပါရာစခန်း ကွန်မျူနတီ စင်တာ အနီးရှိ လဘက်ရည်ဆိုင်တစ်ဆိုင်တွင် လူစု လူဝေး မပြုလုပ်ရန် ရဲအရာရှိမှ တားမြစ်သည်ကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီများမှ ထိုးကြိတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိသူများလိုက်ပါရာ ရိုက်နှက် ထိုးကြိတ်သူများမှာ ထွက်ပြေးသွားကြောင်း၊ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးသာတွေ့ရှိရ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ပါ၀င်သူများကို တရားစွဲဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။

ရဲအရာရှိ အိုင်စီ ကော်ဘီဟူစိန်တွင် ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာ ရရှိသွားကြောင်း သတင်းက ဆိုသည်။

ဒေသခံ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများက မြန်မာနိုင်ငံက ထွက်ပြေးလာကြသူများကို အကျပ်ကိုင်ရမည် ဖြစ်ကြောင်း၊ အစိုးရမှ ထိန်းချုပ်ထားရမည် ဖြစ်ကြောင်း၊ မထိန်းချုပ်ဘဲ ထားလျှင် ပိုပြီး ပိုဆိုးလာနိုင်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ရေးသားထားသည်။

( သတင်းရင်းမြစ်- Newshttp://www.coxsbazarnews.com/archives/102467.html)

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...