ရဲအရာရှိ ကော်ဘီဟူစိန်အား သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နော်ယာပါရာ ဒုက္ခသည်စခန်းတွင် ဘင်္ဂလီ ဒုက္ခသည် ၁၂ ဦးခန့်က ၀ိုင်းဝန်းရိုက်ပုတ် ထိုးနက်ခဲ့ကြောင်း Cox’Bazar News တွင် ဖော်ပြထားသည်။
နော်ယာပါရာစခန်း ကွန်မျူနတီ စင်တာ အနီးရှိ လဘက်ရည်ဆိုင်တစ်ဆိုင်တွင် လူစု လူဝေး မပြုလုပ်ရန် ရဲအရာရှိမှ တားမြစ်သည်ကို မကျေနပ်သဖြင့် ဒုက္ခသည်စခန်းရှိ ဘင်္ဂလီများမှ ထိုးကြိတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
အခင်းဖြစ်ပွားပြီးနောက် တာဝန်ရှိသူများလိုက်ပါရာ ရိုက်နှက် ထိုးကြိတ်သူများမှာ ထွက်ပြေးသွားကြောင်း၊ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးသာတွေ့ရှိရ၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ပါ၀င်သူများကို တရားစွဲဆိုထားကြောင်း သတင်းတွင် ဖော်ပြသည်။
ရဲအရာရှိ အိုင်စီ ကော်ဘီဟူစိန်တွင် ဦးခေါင်းနှင့် လက်တို့တွင် ဒဏ်ရာ ရရှိသွားကြောင်း သတင်းက ဆိုသည်။
ဒေသခံ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများက မြန်မာနိုင်ငံက ထွက်ပြေးလာကြသူများကို အကျပ်ကိုင်ရမည် ဖြစ်ကြောင်း၊ အစိုးရမှ ထိန်းချုပ်ထားရမည် ဖြစ်ကြောင်း၊ မထိန်းချုပ်ဘဲ ထားလျှင် ပိုပြီး ပိုဆိုးလာနိုင်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ရေးသားထားသည်။
( သတင်းရင်းမြစ်- Newshttp://www.coxsbazarnews.com/archives/102467.html)







