မြောက်ဦးမြို့နယ် ရှာရှည်ပြင်ရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၂၄ လုံးပြိုပျက်

မြောက်ဦးမြို့နယ် ရှာရှည်ပြင်ရွာတွင် လေဆင်နှာမောင်းတိုက်၍ အိမ် ၂၄ လုံးပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရှာရှည်ပြင်ကျေးရွာတွင် ယနေ့ (အောက်တိုဘာ ၂၂) နံနက် အစောကြီး ညဉ့် ၂ နာရီ အချိန်က လေဆင်နှာမောင်းတိုက်ခတ်၍ အိမ် ၂၄ လုံး ပြိုပျက်သွားကြောင်း သတင်းရရှိသည်။

၎င်းကျေးရွာသို့ ရောက်ရှိနေသည့် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က “စုစုပေါင်း ပြိုတဲ့အိမ်က ၂၄ လုံးပါ။ လုံးဝ ပြိုပျက်သွားတဲ့ အိမ်က ရ လုံး ဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ပြောကြားသည်။

ကျေးရွာလူကြီး တစ်ဦးဖြစ်သူ ဦးသိန်းထွန်းဝေ စာသင်ကျောင်း KG ဆောင်နှင့် မူလွန်ကျောင်းဆောင်ပါ ပြိုပျက်သွားသည့် အထဲတွင် ပါ၀င်သွားသည်ဟု ပြောဆိုသည်။

အိမ်ပြိုပျက်သွားသူ ရ ဦးထဲတွင် ရွာအရှေ့ပိုင်းမှ ဦးကျော်နိုင်ဌေး၊ ဒေါ်ဆန်းဝင်းသန်း၊ ဦးမောင်မြင့်စိုးကြီး၊ ဦးမောင်ကျော်တင်၊ ဦးကျန်ချေ၊ ဦးမြထွန်းကျော်တို့ပါ၀င်ကြောင်း ဦးသိန်းထွန်းဝေ က ပြောသည်။

“ လူတွေ အထိအခိုက်တော့ မရှိပါဘူး။ ဒါပေမယ့် အိမ်လုံးဝ ပြိုသွားတဲ့ လူတွေကတော့ ဒုက္ခရောက်နေကြပါတယ်။ တစ်ခြားအိမ်တွေမှာ တက်နေကြရပါတယ်။ လွှတ်တော်ကတော့ ရောက်နေပါပြီ။ လုံးဝ ပြိုသွားတဲ့ တစ်အိမ်ကို ၅ သိန်းစီကူညီမယ်လို့ ပြောပါတယ်” ဟု သူက ပြောကြားသည်။

ရှာရှည်ပြင်ကျေးရွာတွင် အိမ်ခြေပေါင်း ၂၃၅ အိမ်ရှိပြီး ၂၄ လုံးပျက်စီးကြောင်း၊ ပြည်နယ် အစိုးရသို့လည်း တင်ပြထားကြောင်း၊ လောလောဆယ်တော့ အစိုးရအဖွဲ့က တာဝန်ရှိသူများ ရောက်ရှိမလာသေးကြောင်း သူက ပြောကြားသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...