ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်က UN နှင့် INGO များအပေါ် ရခိုင်တိုင်းရင်းသားများမှ အထင်အမြင်လွဲမှားမှု မရှိအောင်

ကုလသမဂ္ဂ ဒုတိယ အတွင်းရေးမှူးချုပ်က UN နှင့် INGO များအပေါ် ရခိုင်တိုင်းရင်းသားများမှ အထင်အမြင်လွဲမှားမှု မရှိအောင်
by -
နိရဥ္စရာ
ကုလ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်၏ ရခိုင်ခရီးစဉ်အတွင်း ဘင်္ဂလီများနှင့် အဓိက တွေ့သွားခဲ့။ ဓာတ်ပုံ- ဦးညီပု ဖေ့စ်ဘုတ်)
ကုလ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်၏ ရခိုင်ခရီးစဉ်အတွင်း ဘင်္ဂလီများနှင့် အဓိက တွေ့သွားခဲ့။ ဓာတ်ပုံ- ဦးညီပု ဖေ့စ်ဘုတ်)
ရခိုင်ပြည်နယ်သို့ အောက်တိုဘာ ၁၇ ရက်နေ့ ရောက်ရှိလာခဲ့သည့် ကုလသမဂ္ဂ နိုင်ငံရေးရာ ဌာန အကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်မှ ရခိုင်တိုင်းရင်းသားများက ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အပေါ် အထင်အမြင်လွဲမှားမှုများရှိနေသဖြင့့် သံသယစိတ်များ ပျောက်သွားအောင် ကူညီရန် ရခိုင်ပြည်နယ် အစိုးရအား မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်သို့ ရောက်ရှိလာသည့် မစ္စတာဂျက်ဖရီဖဲလ်မန်သည် ယမန်နေ့နံနက်က ရခိုုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံစဉ် ထိုသို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။

“ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ရခိုင်တိုင်းရင်းသားတွေက နေပြီးတော့ အထင်အမြင်လွဲမှားနေတယ်။ ဒီဥစ္စာနဲ့ ပတ်သက်ပြီး အထင်အမြင် လွဲမှားမှု မရှိအောင် သံသယစိတ်ပျောက်သွားအောင် ဒီဥစ္စာကို ကျွန်တော်တို့ အနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ အဓိက ဒီဥစ္စာကိုပြောသွားပါတယ်” ဟု သူက ပြောသည်။

၎င်းပြင် ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်သည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်နှင့် ပတ်သက်ပြီးလည်း အစိုးရ အနေဖြင့် ပိုမိုလွယ်ကူအောင် ဆောင်ရွက်ပေးရန်လည်း မေတ္တာရပ်ခံခဲ့သည်ဟု သိရသည်။

“ သူတို့ ဒီကနေ့ ရဟတ်ယာဉ်နဲ့ သွားတာက ရသေ့တောင်မြို့နယ်က အနောက်ပြင် မူဆလင်ရွာ၊ မောင်တောမြို့နယ်က ပန်းတောပြင်၊ ငခူရနဲ့ ရွှေရင်အေး ရွာတို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ သူတို့ သွားကြည့်ချင်တဲ့ နေရာတွေကို လိုက်ပို့တာပါ။ ရသေ့တောင်မြို့နယ် အနောက်ပြင်ရွာက နာမည်ကြီးနေတော့ အဲဒီရွာကို သွားချင်တယ်ဆိုလို့ လိုက်ပို့တာပါ။ ဟိုကိုရောက်တော့ လူတွေ ထမင်းငတ်နေတယ်။ အကူအညီတွေ လိုနေတယ်လို့ သူတို့ ကြားထားတာနဲ့ တလွဲစီဖြစ်နေတယ်။ သူတို့က အဲဒီ သတင်းကို နယူးယောက်ကနေ ယူလာတာ။ ဒီမှာ အဲသလိုမျိုး လက်တွေ့ မြေပြင်မှာ ဖြစ်နေတာမရှိတော့ သူတို့ အရမ်းအံ့သြ သွားကြပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောသည်။

မောင်တောမြို့နယ် ငခူရတွင်လည်း ရခိုင်၊ ဘင်္ဂလီ၊ ဟိန္ဒူလူမျိုးများနှင့်လည်း တွေ့ဆုံသွားခဲ့ကြောင်း၊ တစ်စုံတစ်ရာ ပဋိပက္ခ ပြသနာ မရှိဘဲ အတူ နေကြသည်ကို တွေ့ရှိရ၍ ကုလသမဂ္ဂ နိုင်ငံရေးရာ ဌာန အကြီးအကဲ ဒုတိယ အတွင်းရေးမှူးချုပ် မစ္စတာဂျက်ဖရီဖဲလ်မန်မှ များစွာအံ့သြသင့်သွားသည်ကို တွေ့ရှိရကြောင်း သူက ပြောကြားသည်။

မောင်တောမှ အပြန်တွင်လည်း စစ်တွေမြို့ရှိ ရခိုင်နှင့် ဟိန္ဒူ ဒုက္ခသည်များ၊ သက်ကယ်ပြင် ဒုက္ခသည် စခန်းရှိ ဘင်္ဂလီလူမျိုး လူကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။

သူ၏ ခရီးစဉ်သည် ရှေ့လုပ်ငန်းစဉ်များအတွက် မည်သို့ ကူညီဆောင်ရွက်ရမည်ကို သိလိုသဖြင့် မြေပြင် အခြေအနေကို လာကြည့်သော ခရီးစဉ် ဖြစ်ကြောင်း ဦးတင်မောင်ဆွေက ဆိုသည်။

ယမန်နေ့ညနေပိုင်းတွင် စစ်တွေမှ ရန်ကုန်သို့လေကြောင်းခရီးဖြင့် ပြန်သွားခဲ့သည်ဟု သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...