ရက်ပေါင်း ၅၀ ကြာ ဘင်္ဂလာဆိပ်ကမ်းတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၄၄ ဦးထဲမှ ၁၂ ဦး အမိမြေပြန်သွား

ရက်ပေါင်း ၅၀ ကြာ ဘင်္ဂလာဆိပ်ကမ်းတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၄၄ ဦးထဲမှ ၁၂ ဦး အမိမြေပြန်သွား
by -
နိရဥ္စရာ
သြဂုတ်လ ၂၅ ရက်နေ့ကတည်းက ရခိုင်ဘက်တွင် ဖြစ်ပွားနေခဲ့သည့် မတည်ငြိမ်မှုကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ တက်ကနက်ဆိပ်ကမ်းတွင် ကုန်တင်ဘုတ် ၁၃ စီးဖြင့် ရက်ပေါင်း ၅၀ ကြာ ပိတ်မိနေသာ မြန်မာနိုင်ငံသား ၄၄ ဦးထဲမှ ၁၂ ဦးသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ကြသည်ဟု သတင်း ရရှိသည်။

၎င်းမြန်မာနိုင်ငံသား ၁၂ ဦးသည် ကုန်တင်မော်တော်ဘုတ် ၄ စီးဖြင့် အောက်တိုဘာ ၁၅ ရက်နေ့က ပြန်သွားခဲ့ကြသည်ဟု ဆိပ်ကမ်းလက်ထောက် မန်နေဂျာ အဏ္ဍဝါဟူစိန်က ပြောကြောင်း Cox’bazar News တွင် သတင်းဖော်ပြထားသည်။

မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်နယ်စပ်ကုန်သွယ်ကို သြဂုတ် ၂၅ ရက်နေ့ကတည်းက ရပ်နားခဲ့ရပြီးနောက်ပိုင်း လွန်ခဲ့သော စနေနေ့ (အောက်တိုဘာ ၁၄ ရက်) က မောင်တော- တက်ကနက် ကုန်သွယ်မှုကို ပြန်လည် ဖွင့်လှစ်ခဲ့သည်။

ထိုသို့ ဖွင့်လှစ်ပြီးနောက် ဘုတ်ပေါ်တွင် ပါလာသော ကုန်ပစ္စည်းများကို တင်ပို့ပြီးနောက် မော်တော်ဘုတ် ၄ စီးနှင့် အတူ မြန်မာသား ၁၂ ဦးမှာ ပြန်သွားခဲ့ကြသည်ဟု ဆိုသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ဆန်စျေးအထူးမြင့်တက်နေရာ ဆန်များကို ပို့ဆောင်ရန် လာရောက်စဉ် ရခိုင်တွင် ပေါ်ပေါက်ခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များကြောင့် နယ်စပ်ကုန်သွယ်ရေးကို ရပ်နားခဲ့ရရာမှ မြန်မာနိုင်ငံသားများမှာ အိမ်မပြန်နိုင်ဘဲ ဖြစ်ခဲ့ကြရသည်ဟု သိရသည်။

မောင်တော-တက်ကနက် နယ်စပ်ကုန်သွယ်ရေးကို ရပ်နားခဲ့ရသော်လည်း စစ်တွေနှင့် တက်ကနက် နယ်စပ်ကုန်သွယ်ရေးမှာ ရပ်နားခဲ့ခြင်းမရှိခဲ့ကြောင်း၊ သို့သော်လည်း အဝင်အထွက် နည်းပါးသွားသဖြင့် နယ်စပ် စီးပွားရေးကို များစွာ ထိခိုက်ခဲ့သည်ဟု ၎င်းသတင်းတွင် ဖော်ပြသည်။

မောင်တော- တက်ကနက်နယ်စပ်ကုန်သွယ်ရေးကို ၁၉၉၅ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့တွင် နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...