ရခိုင်အရေးနှင့်ပတ်သက်၍ မော်လမြိုင်တွင် လူမှုအဖွဲ့အစည်းပေါင်းစုံ ဆန္ဒဖော်ထုတ်

ရခိုင်အရေးနှင့်ပတ်သက်၍ မော်လမြိုင်တွင် လူမှုအဖွဲ့အစည်းပေါင်းစုံ ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်အရေးနှင့်ပတ်သက်၍ မွန်ပြည်နယ် မော်လမြိုင်မြို့တွင် လူမှုအဖွဲ့အစည်းပေါင်းစုံ စုပေါင်းပြီး အောက်တိုဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“အခု ကျနော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ့။ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ အဲဒါကို ပြည်သူတွေအနေနဲ့ ရင်ထဲမှာ ဘယ်လိုရှိတယ်ဆိုတာကို နိုင်ငံတကာကသိအောင် အခုလိုမျိုး မွန်ပြည်နယ်က လူမှုအဖွဲ့အစည်းပေါင်းစုံစုပေါင်းပြီးတော့ ပြည်သူတွေရဲ့ခံစားချက်တွေကို ဖော်ပြတာဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် သာရေးနာရေးအသင်းမှ အမှုဆောင်တစ်ဦးဖြစ်သူ ဦးသျှင်စိုးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်များအား ရှုတ်ချရေး၊ ပြည်သူတို့၏လုံခြံုမှု ဘဝ အာမခံချက်ရရှိရေး၊ ပြည်ပမှဝင်ရောက်စွက်ဖက်မှုများရှံု့ချရေး၊ ရခိုင်တိုင်းရင်းသားနဲ့ တိုင်းရင်းသားပြည်သူများ အကြမ်းဖက်မှုမခံရရေး၊ အချုပ်အခြာအာဏာတည်တ့ံခိုင်မြဲရေးနှင့် နယ်စပ်စည်းရိုး လုံခြံုရေး၊ တရားမဝင်ခိုးဝင်ဘင်္ဂလီများအား ဖော်ထုတ်ဖမ်းဆီးရေး၊ ၁၉၈၂ ဥပဒေကာကွယ်ရေး၊ ကိုဖီအာနန်အစီရင်ခံစာအလိုမရှိ၊ ပြည်ပအားကိုပုဆိန်ရိုး မျိုးဖျက်ကောင်များအား ဆန့်ကျင်ကြဟူသော ကြွေးကြော်သံများအား သံပြိုင်တောင်းဆို ဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည့်ဒေသမှ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးခိုလုံနေကြသူများအား လက်မခံနိုင်ကြောင်းနှင့် အကယ်၍ လက်ခံမည်ဆိုပါက သေချာစိစစ်ဆောင်ရွက်ပြီး အပြစ်ရှိသူများကို ပြစ်ဒဏ်များချမှတ် ၍ အရေးယူဆောင်ရွက်စေချင်ကြောင်း ဦးသျှင်စိုးက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ၂ဝ၁၆ ခုနှစ် အောင်တိုဘာလ ၉ ရက်နေ့နှင့် ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

မော်လမြိုင်တွင် ပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲကို နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...