ရခိုင်ကဗျာဆရာကြီး သျှင်အုန်းကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်မြောက် ဂုဏ်ပြုကဗျာရွတ်ဖတ်ပွဲ ပြုလုပ်

ရခိုင်ကဗျာဆရာကြီး သျှင်အုန်းကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်မြောက် ဂုဏ်ပြုကဗျာရွတ်ဖတ်ပွဲ ပြုလုပ်
by -
နောင်ခိုင်အောင်
ရခိုင်ကဗျာဆရာကြီးသျှင်အုန်း ကွယ်လွန်ခြင်း ၁၁ နှစ်ပြည့်မြောက် အမှတ်တရ ဂုဏ်ပြုကဗျာရွတ်ဖတ်ပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့၌ စစ်တွေမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆရာသျှင်အုန်း အမှတ်တရ ကဗျာရွတ်ဖတ်ပွဲကို စစ်တွေမြို့ရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ရခိုင်မှ စာပေဝါသနာရှင်များတက်ရောက်ခဲ့ကြသည်။

ပွဲကို စီစဉ်သူ ပန်းချီဆရာ ဦးမောင်မောင်စိုးက ” ဆရာကြီးသျှင်အုန်းဟာ ရခိုင်အမျိုးသားစာပေ တိုးတက် ဖွံ့ဖြိုးရေးအတွက် ရက္ခိတကလောင်ရှင်တစ်ဦးအနေနဲ့ အမျိုးသားရေးခေါင်းစဉ်အောက်မှာ၊ ရက္ခိတလမ်းစဉ်အောက်မှာ မားမားမတ်မတ်ရပ်တည်ခဲ့တဲ့ စာဆိုတော်ကြီးဖြစ်တဲ့ အတွက်ကြောင့် ဆရာကြီးကို စာပေ၊ ကဗျာတွေနဲ့ ဂုဏ်ပြုချင်တဲ့ အတွက်ကြောင့် ဒီပွဲကို စီစဉ်ရတာဖြစ်ပါတယ်” ဟု ပြောသည်။

အမှတ်တရ ဂုဏ်ပြု ကဗျာ ရွတ်ဖက် ပူဇော်ပွဲသို့ ရခိုင်ပြည်မှ စာရေးဆရာ၊ ကဗျာဆရာများနှင့် စာပေဝသနာရှင် ၄ဝ ခန့်တို့ တက်ရောက်ကာ ဂုဏ်ပြုကဗျာများဖြင့် ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ ဆရာကြီး၏လေးစားထိုက်သည် ဘဝဖြတ်သန်းမှုနှင့် အတ္ထုပတ္တိအချို့ကိုလည်း တက်ရောက်လာသူများမှ ဖော်ကျူးဂုဏ်ပြုပူဇော်ခဲ့ကြသည်။

“ဆရာကြီးသျှင်အုန်းဟာ ရခိုင် နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ရော၊ စာပေကလောင်ရှင် တစ်ယောက်အနေနဲ့ရော လေးစားဂုဏ်ယူစရာကောင်းတဲ့ ပုဂ္ဂိုတစ်ယောက်ဖြစ်ပါတယ်။ ဆရာကြီး ဆောင်းပါး၊ ၀တ္ထု၊ ကဗျာတွေအ များအပြားရေးသားခဲ့တဲ့ စံပြအတုယူစရာ ဂုဏ်ပုဒ်တွေ အများကြီးရှိတဲ့ သူတစ်ဦး ဖြစ်ပါတယ်။ ဆရာကြီးဟာ စာပေ၊ ကဗျာတွေနဲ့ တိုင်းပြည်လူမျိုးကို အကျိုးုပြုခဲ့သူ တစ်ဦးပါ ” ဟု ဦးမောင်မောင်စိုးက ဆက်လက် ပြောဆိုသည်။

ဆရာကြီးသျှင်အုန်းသည် ရခိုင်ပြည်နယ် စစ်တွေမြို့ ရွှေပြားရပ်ကွက်တွင်နေထိုင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့၌ ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့သည်။ ဆရာကြီး ကွယ်လွန်ချိန်တွင် အသက်(၇၆) နှစ်ဖြစ်သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...