စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ချို့ ၅ ရက်ကြာရေပြတ်မည်

စစ်တွေမြို့ပေါ် ရပ်ကွက်တစ်ချို့ ၅ ရက်ကြာရေပြတ်မည်
by -
မဘုကေ
စည်ပင်ကြေငြာ (လေးဝတီထွန်းစောခိုင်/Facebook)
စည်ပင်ကြေငြာ (လေးဝတီထွန်းစောခိုင်/Facebook)
စစ်တွေ၊ စက်တင်ဘာ ၁၈ ရေပေးဝေနေသည့် ရေပိုက်လိုင်းများကို ပြင်မည်ဖြစ်သဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရပ်ကွက်တစ်ချို့ ၅ ရက်ကြာ ရေပြတ်မည်ဟု သိရသည်။ “ရေပြတ်မှာက စက်တင်ဘာ ၂၁ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ပြတ်မှာပါ။ ကန်တော်ကြီးကနေ ရေဖြန့်ဖြူးနေတဲ့ ရေပိုက်တွေ ဟောင်းနွမ်းပြီး ရေယိုစိမ့်တဲ့အတွက် ပိုက်တွေကို အသစ်လဲလှယ် ပြင်ဆင်သွားပါမယ်” ဟု စည်ပင်သာယာရေး ဒုဦးစီးမှူး ဦးကျော်မိုးက နိရဥ္စရာသိ်ု့ ပြောသည်။ ရေပိုက်များပြင်ဆင်နေချိန်တွင် ရေပေးဝေရေးကို ခေတ္တရပ်နားထားမည် ဖြစ်သော်လည်း ရပ်ကွက်များတွင် ရေအခက်အခဲဖြစ်ပေါ်လာပါက ကားများဖြင့် ရေဖြန့်ဖြူးသွားမည်ဟု သူက ပြောဆိုသည်။ “ ရေပိုက်လိုင်းတွေကို မလှယ်မဖြစ် လှယ်ရတာပါ။ အခုတလော မိုးရွာနေတော့ ရေပြတ်ပြီး သိပ်အခက်အခဲ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်။ ရေတွေကို ကြိုပြီး ဖြည့်ထားအောင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အသိပေး ပြောကြားထားပါတယ်။ ရေပြတ်တောက်မှုတွေ ဖြစ်ရင်တော့ လိုအပ်သလို ရေပေးဝေသွားမှာ ဖြစ်ပါတယ်” ဟု ဦးကျော်မိုးက ပြောသည်။ စက်ရုံစုရပ်ကွက် အေးသာယာလမ်းရှိ အမှတ်(၂) နှင့် အမှတ်(၃) ပင်မရေပိုက်လိုင်းအား နေရာနှစ်ခုတွင် တစ်ပြိုင်တည်း ပြုပြင်သွားမည်ဟု သိရသည်။ ပိုက်လိုင်းလဲလှယ် ပြုပြင်မည့် ၅ ရက်အတွင်း ရေပြတ်သွားမည်ဖြစ်သဖြင့် ရေများကို သိုလှောင်ထားကြရန် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရပ်ကွက်များသို့ ကြေညာချက်ထုတ်ပြန်ထားသည်။
April 4, 2026
ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍...
April 3, 2026
ကျော်သီဟ — နိုင်ငံခြားဖြစ် အရက်နှင့် ဘီယာများကို အာရက္ခတပ်တော်(AA)က သင်္ကြန်ကာလအတွင်း...
April 2, 2026
ခိုင်လူလှ (ရိုးမမြေ) — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ မသုန်ကျေးရွာအနီးရှိ ကပစ (၁၆ )...
April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...