ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မွန်ပြည်နယ်လုံခြုံရေး ရာနှုန်းပြည့်တိုးမြှင့်

ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် မွန်ပြည်နယ်လုံခြုံရေး ရာနှုန်းပြည့်တိုးမြှင့်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်အတွင်း အစွန်းရောင်ဘင်္ဂါလီတို့၏ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မွန်ပြည်နယ်တွင် လုံခြုံရေးကို ရာနှုန်းပြည့်တိုးမြှင့် စီစဉ်ဆောင်ရွက်ထားကြောင်း စက်တင်ဘာ ၆ ရက်နေ့တွင် မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

“ရိုဟင်ဂျာဆိုတာ ကျွန်တော်တို့ တိုင်းပြည်မှာ မရှိဘူး၊ဒါဟာ ဘင်္ဂါလီတွေပဲဖြစ်တယ်၊ ဒါဟာ အချုပ်အခြာအာဏာနဲ့နိုင်ငံတော်ကို ထိခိုက်တာပဲ၊ လုံးဝလက်မခံဘူး”ဟု ဝန်ကြီးချုပ်က ဆိုသည်။

လက်ရှိတွင် ပြည်နယ်အတွင်း လုံခြုံရေးတပ်စခန်းအင်အားကို ဖြည့်တင်းထားပြီးသတင်းလက်ဦးမှု ရယူနိုင်စေရေးအတွက် လုံခြုံရေးအစီအမံများချမှတ်ရေးဆွဲထားပြီးဖြစ်ကြောင်း မွန်ဝန်ကြီးချုပ်က ဆိုသည်။

“ကြေညာချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ညွှန်ကြားချက်ထုတ်သည်ဖြစ်စေ၊မထုတ်သည်ဖြစ် စေ၊ ကိုယ့်ပြည်နယ်လုံခြုံရေးအတွက်ကိုယ့်ဘာသာကိုယ်လိုအပ်တဲ့အချိန်မှာလုပ်ထားတာပဲ”ဟုမွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောကြားသည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အစရှိသော မြို့ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန်ပြင်ဆင်ဆောင်ရွက်နေကြောင်းတပ်မတော်မှ စက်တင်ဘာ ၅ ရက်တွင် သတင်းထုက်ပြန်ပြီးနောက် မွန်ပြည်နယ်တွင် ယခုကဲ့သို့ လုံခြုံရေးတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

“အရင်ကထက် လုံခြုံရေးလှည့်ကင်းတွေကို နှစ်ဆပိုပြီး တိုးမြှင့်ဆောင်ရွက်နေပါတယ်၊ နေ့ညလှည့်ကင်းဆောင်ရွက်တဲ့ နေရာမှာ ကျွန်တော်တို့ကိုယ်တိုင် အနီးကပ်ကြီးကြပ်ပြီး လုပ်ဆောင်နေပါတယ်”ဟု မြိုင်သာယာနယ်မြေရဲစခန်းမှူး ရဲအုပ်တင်ထွန်းဦးက ပြောဆိုသည်။

ပြည်သူလူထုအနေဖြင့်လုံခြုံရေးသတိရှိပြီး မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်များ၊ မသင်္ကာဖွယ်လုပ်ဆောင်ချက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းစုဆောင်းမှုများနှင့် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များတွေ့ရှိပါက နီးစပ်ရာအုပ်ချုပ်ရေးဌာနနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများထံ အမြန်ဆုံးအကြောင်းကြားရန် နိုင်ငံတော်အတိုင်ပင်ခံရုံးမှလည်း သတင်းထုတ်ပြန်ထားသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...