ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည်

ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည်
by -
မဘုကေ
အကြမ်းဖက်မှုများကြောင့် ပိတ်ထားရသည့် ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းပေါင်း ၂၀ကို ၃ရက်အတွင်း ပြန်လည်ဖွင့်ရန် စီစဉ်နေကြောင်းဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ကပြောသည်။ “ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ဆရာမတွေဆီ အကြောင်းကြားထားပါတယ်။ လုံခြံုရေးကောင်းမွန်တဲ့ မြို့ပေါ်က ကျောင်းပေါင်း ၂၀ ကို သုံးရက်အတွင်း ပြည်လည် ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်” ဟု ပြည်နယ် ပညာရေးမှူးက ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန်ဖေအား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်ပြီး ကျောင်းများဖွင့်လှစ်ရန် အခြေအနေ ရှိမရှိကို မေးမြန်းရာ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာ၊ဆရာမများအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာ နေရာဒေသသို့ လာရောက်ရန် မှာကြားထားကြောင်း ပြောကြားသည်။ “ဘူးသီးတောင်မြို့နယ်မှာ လက်ရှိနေထိုင်နေကြတဲ့ ဆရာ၊ဆရာမတွေကို မြို့နယ် အတွင်းမှာရှိနေကြောင်း လက်မှတ်ထိုးခိုင်းပြီးတော့၊ တစ်ခြားမြို့နယ်တွေမှာရောက်ရှိ်နေတဲ့ ဆရာတွေကို ပြန်ခေါ်ထားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက ဆက်လက်ပြောကြားသည်။ ဘူးသီးတောင်မြို့တွင် ပြန်လည်ဖွင့်မည့်ကျောင်းများအား စစ်တပ်လုံခြံုရေးပေးပြီး ဖွင့်လှစ်သွားမည်ဟု ဘူးသီးတောင်ပညာရေးမှူး ဦးညွှန့်ဖေက ပြောသည်။
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...