ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည်

ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းတစ်ချို့ ၃ ရက် အတွင်းဖွင့်မည်
by -
မဘုကေ
အကြမ်းဖက်မှုများကြောင့် ပိတ်ထားရသည့် ဘူးသီးတောင်မြို့တွင် စာသင်ကျောင်းပေါင်း ၂၀ကို ၃ရက်အတွင်း ပြန်လည်ဖွင့်ရန် စီစဉ်နေကြောင်းဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ကပြောသည်။ “ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊ဆရာမတွေဆီ အကြောင်းကြားထားပါတယ်။ လုံခြံုရေးကောင်းမွန်တဲ့ မြို့ပေါ်က ကျောင်းပေါင်း ၂၀ ကို သုံးရက်အတွင်း ပြည်လည် ဖွင့်လှစ်နိုင်အောင် စီစဉ်နေပါတယ်” ဟု ပြည်နယ် ပညာရေးမှူးက ပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးညွှန်ဖေအား နိရဥ္စရာ သတင်းဌာနက ဆက်သွယ်ပြီး ကျောင်းများဖွင့်လှစ်ရန် အခြေအနေ ရှိမရှိကို မေးမြန်းရာ ဘူးသီးတောင်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် ကျောင်းဆရာ၊ဆရာမများအားလုံးကို စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျရာ နေရာဒေသသို့ လာရောက်ရန် မှာကြားထားကြောင်း ပြောကြားသည်။ “ဘူးသီးတောင်မြို့နယ်မှာ လက်ရှိနေထိုင်နေကြတဲ့ ဆရာ၊ဆရာမတွေကို မြို့နယ် အတွင်းမှာရှိနေကြောင်း လက်မှတ်ထိုးခိုင်းပြီးတော့၊ တစ်ခြားမြို့နယ်တွေမှာရောက်ရှိ်နေတဲ့ ဆရာတွေကို ပြန်ခေါ်ထားပါတယ်” ဟု ဘူးသီးတောင်မြို့နယ် ပညာရေးမှူးက ဆက်လက်ပြောကြားသည်။ ဘူးသီးတောင်မြို့တွင် ပြန်လည်ဖွင့်မည့်ကျောင်းများအား စစ်တပ်လုံခြံုရေးပေးပြီး ဖွင့်လှစ်သွားမည်ဟု ဘူးသီးတောင်ပညာရေးမှူး ဦးညွှန့်ဖေက ပြောသည်။
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...