ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ရသေ့တောင်မြို့တွင် ကန့်ကွက်ဆန္ဒပြခံရ

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ရသေ့တောင်မြို့တွင် ကန့်ကွက်ဆန္ဒပြခံရ
by -
နိရဥ္စရာ
ဆန္ဒပြကန့်ကွက်နေကြသည့် ရသေ့တောင် ဒေသခံများ (ဓာတ်ပုံ Facebook)
ဆန္ဒပြကန့်ကွက်နေကြသည့် ရသေ့တောင် ဒေသခံများ (ဓာတ်ပုံ Facebook)
ရခိုင်ပြည်နယ် ရသေ့တောင်မြို့သို့ရောက်ရှိလာသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ကို ဒေသခံပြည်သူ ၃၀၀၀ ကျော်က စကောများ၊ အိုးဖုံုးများ၊ ပလစ်စတစ်ပုံးများကို တီးခတ်ကာ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ ဆွေးနွေးပွဲလုပ်ရန် ရသေ့တောင်မြို့ အထွေထွေဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးခန်းသို့စက်တင်ဘာ ရ ရက် နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိလာစဉ် ထိုသို့ကန့်ကွက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကြောင့် လူတွေ အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးလာကြရတယ်။ သေသူသေ၊ စီးပွားပျက်သူပျက်၊ ဘဝအခြေအနေ ဆိုးရွားပြီး ဒီလောက် လူတွေ ဒေါသထွက် ခံပြင်းနေချိန်မှာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး လာလုပ်တော့ မြို့လူထုက လုံးဝ မကျေနပ်တဲ့ အတွက် မြို့လုံးကျွတ် ဆန္ဒပြကန့်ကွက်ရတာ ဖြစ်ပါတယ်” ဟု ရသေ့တောင်မြို့မှ လူကြီး တစ်ဦးဖြစ်သူ ဦးမောင်လှမြင့်က ပြောသည်။

အဆိုပါ ခရီးစဉ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု၊ RFA မှ ဦးခင်မောင်စိုး အပါအဝင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါလာခဲ့ကြသည်။

“ ရသေ့တောင်မြို့ပေါ်မှာ ဘယ်ဘာသာခြားမှ မရှိဘူး။ ပီးရင် တည်ငြိမ်နေတဲ့ မြို့တစ်မြို့ပါ။ ဒီလို အေးချမ်းတည်ငြိမ်နေတဲ့ မြို့ပေါ်မှာ မြို့လူထုတွေ မလိုလားတဲ့ သူတွေကို ခေါ်ယူလာပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာလုပ်တဲ့အပေါ် လုံးဝလက်ခံနိုင်ဘူး။ ဒါဟာ ကျွန်တော်တို့ကို လုံးဝ စော်ကားတယ်လို့ သုံးသပ်မိပါတယ်” ဟုလည်း ဦးလှမြင့်က ပြောဆိုသည်။

မြို့လူထုက ကန့်ကွက်ဆန္ဒပြသဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီအစဉ်မှာ လူသုံးလေးဦးဖြင့်သာ ပြုလုပ်ခဲ့ရသည်ဟု ပြောဆိုသည်။

ရသေ့တောင် မြို့လုံးကျွတ် ကန့်ကွက်ဆန္ဒပြမှုကို ခံရပြီးနောက် အဆိုပါ အဖွဲ့သည် မောင်တောနှင့် ဘူးသီးတောင်မြို့သို့ ဆက်လက်ထွက်ခွာသွားခဲ့သည်ဟု သိရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...