ဒိုင်းနက်ဒုက္ခသည် ၁၀၀ ခန့် ကျောက်တော် ဒုက္ကန်ချောင်းရွာသို့ ထွက်ပြေးရောက်ရှိ

ဒိုင်းနက်ဒုက္ခသည် ၁၀၀ ခန့် ကျောက်တော် ဒုက္ကန်ချောင်းရွာသို့ ထွက်ပြေးရောက်ရှိ
by -
နိရဥ္စရာ
ဘူးသီးတောင်မြို့နယ်မှ ဒိုင်းနက်မျိုးနွယ်စုဝင် ရွာသား ရ၉ ဦးသည် တောတောင်များကို ဖြတ်ကျော်ထွက်ပြေးလာပြီးနောက် ကျောက်တော်မြို့နယ် ဒုက္ကန်ချောင်းရွာသို့ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ဘေးမသီရန်မခဘဲ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

ဒုက္ကန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက“ ဒိုင်းနက်လူမျိုး ဒုက္ခသည်ပေါင်း ရ၉ ဦးဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီလောက်မှာ ရောက်တာပါ။ သူတို့ကို လက်ရှိ ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ထားထားပါတယ်” ဟု ကပြောသည်။

အဆိုပါ ဒုက္ခသည်များရှိရာသို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေး မှ လာရောက်ပြီး ဆန်အိတ် ၂၀ နှင့် ခေါက်ဆွဲခြောက်များ ဆေးစိမ် ခြင်ထောင်များ အားထောက်ပံ့ခဲ့သည် ဟု သိရသည်။

ဒုက္ခသည်များအား အဆိုပါကျေးရွာမှ လိုအပ်သည်များကိုလည်း ထောက်ပံ့လျက်ရှိသည်ဟု သိရသည်။

အဆိုပါ ဒုက္ခသည်များသည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုမှ ဖြစ်ကြပြီး အနီးအနားရှိ တောင်ဘဇားကျေးရွာအား အကြမ်းဖက် ဘင်္ဂလီရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်ခံရပြီး စိုးရိမ်ကာ ကိုယ့်ဒေသကို စွန့်ခေါ်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဒုက္ကန်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးအောင်ကျော်စောက ပြောသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...