၅ ရက်၊ ၄ ည တောထဲတွင် ပိတ်မိနေခဲ့သော မြဝတီရွာသား ၂၀၀ ကျော်ကို စစ်တပ်က ကယ်တင်

၅ ရက်၊ ၄ ည တောထဲတွင် ပိတ်မိနေခဲ့သော မြဝတီရွာသား ၂၀၀ ကျော်ကို စစ်တပ်က ကယ်တင်
by -
နိရဥ္စရာ
တောတောင်ထဲတွင်၅ ရက်နှင့် ၄ ညဥ့် ပိတ်မိနေခဲ့ပြီး ထမင်းငတ်၊ ဟင်းငတ်ဖြစ်နေခဲ့သော အိမ်ခြေ ၅၁ ဆောင်ရှိ မြဝတီ ရွာသား ၂၀၀ ကျော်ကို စစ်တပ်က သြဂုတ် ၂၉ ရက်နေ့ တွင် ကယ်တင်လိုက်ပြီဟု မြဝတီရွာမှ ဆယ်အိမ်မှူးတစ်ဦးဖြစ်သူ ဦးသန်းဆွေက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
njr3002
တောထဲတွင် ၅ ရက်၊ ၄ ည ခိုလုံနေခဲ့ကြရသည့် မြဝတီ
နတလ ရွာသားများကို ပုန်းအောင်းနေစဉ် တွေ့ရသည်။

“ တပ်က အခု တပ်မ ၉၉ ရောက်လာတဲ့အတွက် အခု ကျွန်တော်တို့ ရွာကို ရောက်လာပါပြီ။ ကျွန်တော်တို့ တောထဲမှာ ၅ ရက်၊ ၄ ညဥ့်နေခဲ့ရပါတယ်။ လူပေါင်း ၂၃၀ ရှိပါတယ်။ အခုတော့ ရွာမှာဘဲ နေထိုင်နေကြပါတယ်” ဟု သူက ပြောကြားသည်။

ဘာကြောင့် ထွက်ပြေး တိမ်းရှောင်ရပါသလဲဟု မေးမြန်းရာ သူက “ ဘင်္ဂလီကုလားရွာတွေက ကျွန်တော် ရွာနားမှာ အရမ်းများပါတယ်။ ရွာနားကို လာပြီး ဂျီနာဘာ ဂျီနာဘာ အော်ပါတယ်။ ဓာတ်မီးတွေ ထွန်းပြီး အော်ဟစ် ဆူပူပြီး ညာသံပေးပြီး တက်လာတဲ့ ပုံစံမျိုး လုပ်ပြပါတယ်။ အဲဒီသူတွေက ပဒကားရွာ၊ လဘော်ရွာရယ်၊ မင်ကြီးရွာက ကုလားတွေပါ။ ဒါကြောင့်တောထဲကို ထွက်ပြေးပြီး ပုန်းအောင်းခိုလုံနေခဲ့ရတာ ဖြစ်ပါတယ်” ဟု ဦးသန်းဆွေက ပြောသည်။

တောထဲတွင် ခိုအောင်းနေစဉ် မြွေကိုက်ခံရသူ၊ ကင်းကိုက်ခံရသူများလည်း ရှိခဲ့ကြောင်း၊ ထမင်းလည်းငတ်ခဲ့ပြီး ရေလည်း ငတ်ခဲ့ကြောင်း၊ ကိုယ်ဝန်ဆောင် မိခင်များလည်း ပါ၀င်ကြောင်း၊ ကျောင်းဆရာ ဆရာမများနှင့် သူနာပြု ဆရာမများလည်း ထွက်ပြေး တိမ်းရှောင်ရာတွင် ပါ၀င်ခဲ့ကြောင်း၊ စိုးရိမ်မှုများနှင့် အတူ အထူး ဒုက္ခရောက်ခဲ့ရကြောင်း၊ ကလေးငယ်များလည်း ဖျားနာမှုများရှိခဲ့ကြောင်း သူက ပြောကြားသည်။

“ အခုတော့ စစ်တပ် ရောက်လာတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ အသက်ကို ဖက်နဲ့ထုတ်ပြီးနေခဲ့ရတဲ့ဘဝမှာ ခုလို လာရောက် ကယ်တင်တဲ့ အတွက် စစ်တပ်ကို အရမ်းကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသည်။

သူတို့အား လာကယ်တင်စဉ် လဘောမူဆလင်ရွာတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်မှ မြဝတီရွာ အနောက်ဘက် လဘော်ဝ( မြို)ရွာကို သွားရောက်ကယ်တင်စဉ် လဘော်ဝရွာမှ အကြမ်းဖက် ဘင်္ဂလီများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ လဘော်ဝရွာမှ မြဝတီနတလ ရွာမှ တစ်မိုင်နီးပါးခန့် ဝေးကြောင်း၊ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြှင့်ခဲ့ကြောင်း ၎င်းဆယ်အိမ်မှူးက နိရဥ္စရာသို့ပြောကြားသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...