မောင်တောတောင်ပိုင်း ကျောက်ပန္ဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေ

မောင်တောတောင်ပိုင်း ကျောက်ပန္ဒူကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားနေပြီး၊ အင်းဒင်ကျေးရွာတွင် ထိပ်တိုက်ရင်ဆိုင်ရန် အခြေအနေရှိနေကာ ယနေ့နံနက်က သရေကုန်ဘောင်တွင်လည်း မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောကြားချက်အရ သိရသည်။

“ဒီနေ့မနက်က လက်လုပ်မိုင်း ၃ လုံးပေါက်တယ်။ ချောင်းဟိုးဘက်ကမ်းကသူတို့ ဒီဘက်ကမ်းမှာ ကျနော်တို့ ရခိုင်သားတွေ ရှိနေတယ်။ ဒီကလုံခြံုရေးတပ်ဖွဲ့ဝင်တွေ ချောင်းကို ဖြတ်ကျော်ဖို့ လုပ်တဲ့အခါမှာ ဗုံးဖေါက်ခွဲတာပါ။

 အဲ့ဒီဘက်က လက်နက်ကိုယ်စီနဲ့ ၀တ်စုံအမဲတွေ ၀တ်ပြီးတော့ တက်လာကြတယ်။ အခု လက်နက်ငယ်နဲ့ ပစ်ခတ်မှုတွေရှိနေတယ်”ဟု ကျောင်းပန္ဒူ ကျောင်းအုပ် ဦးဝင်းနိုင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျောက်ပန္ဒူကျေးရွာသားများသည် လုံခြံုမှုမရှိသောကြောင့် နယ်ခြားစောင့် စခန်းတွင် ခိုလှုံနေရသည်မှာ ၄ ရက်ရှိပြီဖြစ်ပြီး၊ လူငယ် လူကြီးပါမကျန် ဖျားနာနေကြပြီး ဆေးဝါးမလုံမလောက်ဖြစ်နေသည်ဟု သိရသည်။

“ကျနော်တို့ ကျောက်ပန္ဒူကျေးရွာမှာ ကျန်းမာရေးဌာနက ၃ ယောက်ရှိပါတယ်။ သူတို့မှာ ဆေးဝါးရှိသလောက်နဲ့ ကုသနေရပါတယ်။ ဆေးတွေလည်း အကုန်လုံးပြတ်နေပြီ၊ ပါရာကအစပြတ်နေပါပြီ”ဟု ကျောင်းအုပ်က ပြောသည်။

ရိက္ခာများလည်း မလုံမလောက်ဖြစ်နေသည်ဟု ကျောက်ပန္ဒူ နတလ ရွာမှ နောက်ရွာသားတစ်ဦးက ပြောသည်။

“ရိက္ခာတွေ မလောက်မငှနဲ့ မျှဝေပြီးစားနေရပါတယ်။ အခုလည်း ကလေးတွေ ဗိုက်ဆာတယ်ဆိုလို့ ထမင်းတစ်အိုးချက်ပြုတ်ပြီး စခန်းကို အပြေးအလွှား ပြန်လာရပါတယ်။ လမ်းသွားလာလို့ ရတာနဲ့ မိမိဇာတိဖြစ်တဲ့ ကျောက်တော်မြို့နယ် နဂရာကျေးရွာဘက်ကို ပြန်တော့မယ်”ဟု ပြောသည်။

ဘင်္ဂါလီများသည် ကိုယ်အိမ်ကိုယ်မီးရှို့နေကြသည်ဟု အဆိုပါ ရွာသားက ပြောသည်။

လွန်ခဲ့သည့် ၂ ရက်က ကျောက်ပန္ဒူကျေးရွာအနီးတွင် နယ်ခြားစောင့်ရဲများ စီးလာသည့် ကားတစ်စီးမိုင်းဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပြီ ၃ ဦးဒဏ်ရာရ ရှိခဲ့သည်ဟု စခန်းတွင် ခိုလှုံနေသည့် ကျေးရွာသားများ ပြောပြချအရ သိရသည်။

ယမန်နေ့ကလည်း ဘင်္ဂါလီအကြမ်းဖက်သမားများ မှိုင်းထောင်နေသည်ဟု သတင်းရရှိ၍ လုံခြံုရေးတပ်ဖွဲ့ဝင်များ သွားကြည့်ရာ အကြမ်းဖက်သမားများ ထွက်ပြေးသွား၍ မိုင်းကို သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာတွင်လည်း ယနေ့ နံနက်က လက်နက်ကြီးသံများကို ကြားရပြီး ထိပ်တိုက်ရင်ဆိုင်နိုင်ရသည့် အခြေအနေရှိနေ၍ အသင့်ပြင်နေရသည်ဟု အင်းဒင်ကျောင်းအုပ်ဆရာကြီး ဦးမောင်စံသိန်းက ပြောသည်။

ယင်းအပြင် ယနေ့နံနက် ၅ နာရီခွဲမှ ၆ နာရီထိ သရေကုန်ဘောင်ဘက်တွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ဒီနေ့ မနက် ၅ နာရီကျော်လောက်ကနေ ၅ နာရီ ၄၅ မိနစ်လောက်ထိ ပေါက်ကွဲသံတွေနဲ့ လက်နက်ငယ်သံတွေ ကြားလိုက်ရပါတယ်။ ပေါက်ကွဲသံတွေတော့ ဆက်တိုက်ပါပဲ၊ မိနစ် ၂၀ လာက်တောင်ကြာပါတယ်။ အခုတော့ ရပ်သွားပါပြီ”ဟု ယင်းအနီးအနားတွင် နေထိုင်သည့် ဒေသခံပြည်သူတစ်ဦးကပြောသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...