“သူတို့ ထွက်ခွာတာမဟုတ်ပါဘူး၊ ထွက်ပြေးသွားကြတာပါ။ အရေအတွက်အနေနဲ့ စပီးဘုတ်အစီး ၁၀ ကျော်လောက်နဲ့ ထွက်ပြေးသွားတာပါ။ တစ်ချို့ဘုတ်မှာ ၅ ယောက်ဆံ့တယ်၊ တစ်ချို့ဘုတ်မှာ ၈ ယောက်ဆံ့တယ်၊ တစ်ချို့ဘုတ်မှာဆိုရင် ၁၀ ယောက်ဆံ့တယ်”ဟု ဘူးသီးတောင် ဒေသခံ ဦးဇော်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မောင်တောဒေသမှ ဘင်္ဂါလီများကို နှစ်ပေါင်း ၂၀ ကျော် အကူအညီ ပေးလာသူများဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ဘင်္ဂါလီများ စိတ်ဓါတ် တက်ကြွကာ နိုင်ငံတော်ကို ပုန်ကန်သည့်အဆင့်၊ အချုပ်အခြာအာဏာကို ထိပါးလာသည့် အဆင့်ထိ ဖြစ်ပေါ်လာခဲ့ရသည်ဟု ဦးဇော်ဝင်းက ပြောဆိုသည်။
ဒေသတည်ငြိမ်အေးချမ်းသွားပြီးလျှင်လည်း နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဘူးသီးတောင်၊ မောင်တောဘက်သို့ မဝင်ရောက်လာပါနှင့်ဟု တောင်းဆို ချင်ကြောင်း ဦးဇော်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုမှလည်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ၌ အကြမ်းဖက်တိုက်ခိုက်နေသည့် ဘင်္ဂါလီများကို အကြမ်းဖက်သမားများအဖြစ် တရားဝင်သတ်မှတ်ထားပြီး၊ နောက်ကွယ်က ကူညီနေသူများကိုလည်း အကြမ်းဖက် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သူက ပြောဆိုသည်။







