မောင်တော- ဘူးသီးတောင် အခြေစိုက် နိုင်ငံတကာအန်ဂျီအိုမှ ၀န်ထမ်းများ အလုံးအရင်းဖြင့် ထွက်ခွာ

မောင်တော- ဘူးသီးတောင် အခြေစိုက် နိုင်ငံတကာအန်ဂျီအိုမှ ၀န်ထမ်းများ အလုံးအရင်းဖြင့် ထွက်ခွာ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အန်ဂျီအိုများမှ တာဝန်ရှိသူနှင့် ၀န်ထမ်းအများအပြားသည် သြဂုတ် ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲကျော်တွင် ဘူးသီးတောင်မှ တစ်ဆင့် စစ်တွေသို့ အလုံးအရင်းဖြင့် ထွက်ခွာသွားခဲ့ကြကြောင်း ဘူးသီးတောင်ဒေသခံ မျက်မြင်တစ်ဦးကပြောသည်။

“သူတို့ ထွက်ခွာတာမဟုတ်ပါဘူး၊ ထွက်ပြေးသွားကြတာပါ။ အရေအတွက်အနေနဲ့ စပီးဘုတ်အစီး ၁၀ ကျော်လောက်နဲ့ ထွက်ပြေးသွားတာပါ။ တစ်ချို့ဘုတ်မှာ ၅ ယောက်ဆံ့တယ်၊ တစ်ချို့ဘုတ်မှာ ၈ ယောက်ဆံ့တယ်၊ တစ်ချို့ဘုတ်မှာဆိုရင် ၁၀ ယောက်ဆံ့တယ်”ဟု ဘူးသီးတောင် ဒေသခံ ဦးဇော်ဝင်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် မောင်တောဒေသမှ ဘင်္ဂါလီများကို နှစ်ပေါင်း ၂၀ ကျော် အကူအညီ ပေးလာသူများဖြစ်ကြောင်း၊ အဆိုပါ အဖွဲ့အစည်းများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ဘင်္ဂါလီများ စိတ်ဓါတ် တက်ကြွကာ နိုင်ငံတော်ကို ပုန်ကန်သည့်အဆင့်၊ အချုပ်အခြာအာဏာကို ထိပါးလာသည့် အဆင့်ထိ ဖြစ်ပေါ်လာခဲ့ရသည်ဟု ဦးဇော်ဝင်းက ပြောဆိုသည်။

ဒေသတည်ငြိမ်အေးချမ်းသွားပြီးလျှင်လည်း နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် ဘူးသီးတောင်၊ မောင်တောဘက်သို့ မဝင်ရောက်လာပါနှင့်ဟု တောင်းဆို ချင်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုမှလည်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ၌ အကြမ်းဖက်တိုက်ခိုက်နေသည့် ဘင်္ဂါလီများကို အကြမ်းဖက်သမားများအဖြစ် တရားဝင်သတ်မှတ်ထားပြီး၊ နောက်ကွယ်က ကူညီနေသူများကိုလည်း အကြမ်းဖက် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်ဟု သူက ပြောဆိုသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...