အခြေအနေစိုးရိမ်ရသည့် ကျောက်ပန္ဒူ ကျေးရွာသို့ တပ်မတော်သားများ ရောက်ရှိ

အခြေအနေစိုးရိမ်ရသည့် ကျောက်ပန္ဒူ ကျေးရွာသို့ တပ်မတော်သားများ ရောက်ရှိ
by -
စံမောင်သန်း
လုံခြံုရေးအခြေအနေ စိုးရိမ်နေရသည့် အနေအထားတွင်ရှိနေသည့် ကျောက်ပန္ဒူ ကျေးရွာသို့ သြဂုတ် ၂၅ ရက်နေ့ ညနေပိုင်းက တပ်မတော်သားများရောက်ရှိနေပြီဟု ကျောက်ပန္ဒူ ကျေးရွာသားတစ်ဦးက ပြောသည်။ သြဂုတ် ၂၅ရက်နေ့ ည ရ နာရီကျော်အချိန်တွင် ဂြင်းတော ကျေးရွာဘက်တွင် အခြေအနေထူးခြား၍ တပ်မတော်သားအချို့ လိုက်ပါသွားကြသည်ဟု ဆိုသည်။ ယမန်နေ့နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာအနီးတွင် နယ်ခြားစောင့်တပ်များ လိုက်ပါလာသည့် ကားတစ်စီးကို အကြမ်းဖက်ဘင်္ဂါလီများ မိုင်းခွဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၉ ဦးဒဏ်ရာရရှိခဲ့ပြီး ကျောက်ပန္ဒူရှိ လုံခြံုရေးကင်းစခန်းတစ်ခုကိုလည်း တိုက်ခိုက်ပြီး မီးရှို့လိုက်သည်ဟု ဆိုသည်။ ယခုအခါ ရွာသားများသည် နောက်ထပ်ကျန်ရှိနေသည့် လုံခြံုရေး ကင်းစခန်း တစ်ခုတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့်အတူ နေထိုင်နေကြရသည်ဟု သိရသည်။ အကြမ်းဖက်ဆူပူလိုသူများသည် ကျောက်ပန္ဒူကျေးရွာမှ နွားခြောက်ကောင်ကို ယူဆောင်သွားပြီး ပျော်ပွဲစားကာ ဟစ်အော်နေကြသည်ဟု အဆိုပါရွာသားက ပြောသည်။ ယင်းအပြင် အင်းဒင်ရွာမှ ကျေးရွာသား ဦးအနီမောင် အသက် ၆၀ ခန့်သည် မိမိကျွဲရှိရာ ကျေးရွာပြင်ပသို့ သွားကြည့်ရာ ပေါ်မလာဘဲ ပျောက်ဆုံးနေသည်ဟု သိရသည်။
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...