ကျောက်တော်တွင် ဂုဏ်ပြုစိုက်ထူမည့် ဦးဥတ္တမရုပ်တု သြဂုတ် ၂၇ ရက်နေ့ ရောက်ရှိမည်

ကျောက်တော်တွင် ဂုဏ်ပြုစိုက်ထူမည့် ဦးဥတ္တမရုပ်တု သြဂုတ် ၂၇ ရက်နေ့ ရောက်ရှိမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဂုဏ်ပြုစိုက်ထူမည့် ဆရာတော်ဦးဥတ္တမရုပ်တုသည် ကျောက်တော်မြို့သို့ သြဂုတ် ၂၇ ရက်နေ့တွင် ရောက်ရှိမည်ဟု ကျောက်တော် မြို့မိမြို့ဖ ဒေါက်တာထွန်းအေး ကပြောသည်။

njr2501ဦးဥတ္တမရုပ်တုအား မြောက်ဦးမြို့တွင် သွန်းလုပ်နေပြီး သြဂုတ် ၂၇ ရက်နေ့တွင် မြောက်ဦးမြို့မှ သယ်ဆောင်လာမည် ဖြစ်သည်။

“ ဆရာတော်ဦးဥတ္တမ ရုပ်တုကို ဦးဥတ္တမ ပန်းခြံမှာ စိုက်ထူမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၉ ရက် ဦးဥတ္တမနေ့မှာ အခမ်းအနားနဲ့ စိုက်ထူမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ထွန်းအေး က ပြောသည်။

ဦးဥတ္တမရုပ်ထုအား စိုက်ထူရန် ကျောက်တော်မြို့နယ်ဦးဥတ္တမ ပန်းခြံတွင် ယခုအခါ ပန္နက်ရိုက်ပြီး အုတ်ခုံများ တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...