ကျောက်တော်တွင် ဂုဏ်ပြုစိုက်ထူမည့် ဦးဥတ္တမရုပ်တု သြဂုတ် ၂၇ ရက်နေ့ ရောက်ရှိမည်

ကျောက်တော်တွင် ဂုဏ်ပြုစိုက်ထူမည့် ဦးဥတ္တမရုပ်တု သြဂုတ် ၂၇ ရက်နေ့ ရောက်ရှိမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဂုဏ်ပြုစိုက်ထူမည့် ဆရာတော်ဦးဥတ္တမရုပ်တုသည် ကျောက်တော်မြို့သို့ သြဂုတ် ၂၇ ရက်နေ့တွင် ရောက်ရှိမည်ဟု ကျောက်တော် မြို့မိမြို့ဖ ဒေါက်တာထွန်းအေး ကပြောသည်။

njr2501ဦးဥတ္တမရုပ်တုအား မြောက်ဦးမြို့တွင် သွန်းလုပ်နေပြီး သြဂုတ် ၂၇ ရက်နေ့တွင် မြောက်ဦးမြို့မှ သယ်ဆောင်လာမည် ဖြစ်သည်။

“ ဆရာတော်ဦးဥတ္တမ ရုပ်တုကို ဦးဥတ္တမ ပန်းခြံမှာ စိုက်ထူမှာ ဖြစ်ပါတယ်။ စက်တင်ဘာလ ၉ ရက် ဦးဥတ္တမနေ့မှာ အခမ်းအနားနဲ့ စိုက်ထူမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ထွန်းအေး က ပြောသည်။

ဦးဥတ္တမရုပ်ထုအား စိုက်ထူရန် ကျောက်တော်မြို့နယ်ဦးဥတ္တမ ပန်းခြံတွင် ယခုအခါ ပန္နက်ရိုက်ပြီး အုတ်ခုံများ တည်ဆောက်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...