ဒေါ်ခင်စောဝေ၏ မောင်တောဒေသလုံခြံုရေးအဆို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးဆွေးနွေး

ဒေါ်ခင်စောဝေ၏ မောင်တောဒေသလုံခြံုရေးအဆို လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးဆွေးနွေး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မောင်တောခရိုင်အား တည်ငြိမ်အေးချမ်းစေရန် ကောင်းမွန်သည့် အစီအမံများဖြင့် ကာကွယ်စောင့်ရှောက်ရေး အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၄ ဦးမှ စတင်ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရသည်။

သူမအဆိုအား ဆွေးနွေးမည့် သူများမှာ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၄ ဦး ဖြစ်ကြောင်း ဒေါ်ခင်စောဝေက ပြောကြားသည်။

“ ရခိုင်အမျိုးသားပါတီ၊ တပ်မတော်သားကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်တွေက ထောက်ခံဆွေးနွေးသွားမှာဖြစ်ပြီးတော့ NLD က အကြံပြုဆွေးနွေးသွားကြမှာ ဖြစ်ကြပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။

သူမ၏ အဆိုအား လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့်ရ၍ မောင်တောခရိုင် အခြေအနေမှန်ကို မြန်မာတစ်နိုင်ငံလုံးက ပြည်သူများ နားလည်သွားကြမည်ဟု အဆိုရှင်ဖြစ်သည့် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။

သြဂုတ် ၂၃ ရက်နေ့က ရခိုင်အမျိုးသားပါတီမှ ထောက်ခံ ဆွေးနွေးခဲ့ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ ဘူးသီးတောင်မြို့နယ်မှ ဦးအောင်သောင်းရွှေ၊ ကျောက်တော် မြို့နယ်မှ ဦးထွန်းဝင်း၊ မောင်တောမြို့နယ်မှ ဦးလှထွန်းကျော် ၊ မြောက်ဦးမြို့နယ်မှ ဦးဦးလှစောနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ဦးထွန်းမောင်တို့ ဖြစ်ကြသည်။

သြဂုတ် ၂၄ ရက် ယနေ့တွင် ရခိုင်အမျိုးသားပါတီမှ ထောက်ခံဆွေးနွေးကြမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များမှာ မင်းပြားမြို့နယ်မှ ဦးစစ်နိုင်နှင့် ဦးဘရှင်တို့ ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၃ ရက်နေ့တွင် NLD မှ ၁၀ ဦးဆွေးနွေးမည့်အထဲမှ ၅ ဦးဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုး ပါတီမှ ၃ ဦး ဆွေးနွေးခဲ့သည်။ ယနေ့တွင်လည်း တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၃ ဦး အပါအဝင် ကျန်လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...