ဌာနချုပ်ကျခြင်းမဟုတ်ဟု ALA ထိပ်တန်းတပ်မှူးတစ်ဦးငြင်းဆို

ဌာနချုပ်ကျခြင်းမဟုတ်ဟု ALA ထိပ်တန်းတပ်မှူးတစ်ဦးငြင်းဆို
by -
နိရဥ္စရာ
အိန္ဒိယနယ်စပ်အခြေစိုက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဌာနချုပ်ကျသွားပြီဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) မှ ထိပ်တန်း တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်မှူးစိုးမြက သြဂုတ် ၂၃ ရက်နေ့ ညနေ ၃ နာရီက နိရဥ္စရာမှ မေးမြန်းစဉ် ငြင်းဆိုသွားခဲ့သည်။

“ ဌာနချုပ်ကျတာ မဟုတ်ပါဘူး။ ရှေ့က ဌာနချုပ်ခွဲလုပ်ထားတဲ့ ရိန်းဂျားစခန်း ကနေ ဆုတ်ပေးလိုက်တာပါ” ဟု ပြောကြားသည်။

တိုက်ပွဲတွင် ALP ဘက်မှ လက်ရှိ ရရှိသည့် သတင်းအရ ၂ ဦးကျဆုံးပြီး ဒဏ်ရာရသူ သုံးလေးဦးခန့်ရှိသည်ဟု ဗိုလ်မှူးစောမြက ဆက်လက်ပြောဆိုသည်။

“ တိုက်ပွဲက ကြိုးကြား ကြိုးကြား အခုအချိန်ထိ ဆက်ဖြစ်နေတုန်းလို့ သိရပါတယ်။ ကျွန်တော်တို့ နောက်ဆုံးရတဲ့ သတင်းအရ ကျွန်တော်တို့ဘက်က ၂ ဦးကျပါတယ်။ သုံးလေးဦး ဒဏ်ရာရပါတယ်။ အေအေဘက်က အကျအဆုံးကိုတော့ မသိရသေးပါ” ဟု ပြောကြားသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကလဲ “သတင်းတွေမှာ ဖေါ်ပြထားသလို ALP ဌာနချုပ်စခန်း ကျတယ်ဆိုတာမဟုတ်ပါဘူး။ ရှေ့တန်းစခန်းတစ်ခုကို ဆုတ်ပေးလိုက်တာပါ။ ရိန်းဂျား စခန်းတစ်ခုကို ဆုတ်ပေးလိုက်တာပါ၊ ဒါပါပဲ”ဟု ပြောကြားသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်(အေအေ) ပြောရဆိုခွင့်ရှိသူ ခိုင်သုခအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသည်ဟု အကြောင်းပြန်သဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါ။

ဗိုလ်မှူးကြီးကျော်ဟန်သို့ မေးမြန်းရာတွင်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါ။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...