ငြိမ်းချမ်းရေးဂီတပွဲတော် သြဂုတ် ၂၄ ရက်နေ့ စစ်တွေတွင် စတင်မည်

ငြိမ်းချမ်းရေးဂီတပွဲတော် သြဂုတ် ၂၄ ရက်နေ့ စစ်တွေတွင် စတင်မည်
by -
နိရဥ္စရာ
မြန်မာနိုင်ငံမှ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၀ ခုတွင် ကျင်းပနေသော ငြိမ်းချမ်းရေးဂီတပွဲတော်ကို သြဂုတ် ၂၄ ရက်နေ့ တွင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် စတင်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

စစ်တွေတွင် ပြုလုပ်သည့် ငြိမ်းချမ်းရေးပွဲတော်တွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ၁၇ မြို့နယ်မှ လျှောက်လွှာတင်ထားသူ ၂၁၀ ဦးရှိကြောင်း၊ သြဂုတ် ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် ပြိုင်ပွဲဝင်ရန် လျှောက်လွှာ တင်ထားသူများကို အသံစစ်ခြင်းကို စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ပြုလုပ် သွားမည် ဖြစ်ကြောင်း၊ ထိုအထဲမှ ပြိုင်ပွဲဝင်သူ ၄၀ ကို အသံစစ်ပြီး ရွေးချယ်ပြီး အကြိုပြိုင်ပွဲကို သြဂုတ်လ ၂၆ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဇကာတင် နောက်ဆုံးရွေးချယ်မှုကို သြဂုတ်လ ၂၇ ရက်နေ့တွင် ဦးဥတ္တမ ခန်းမတွင်ပင် ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအထဲမှ အနည်းဆုံး ၃ ဦး၊ အများဆုံး ၅ ဦးကို ရွေးချယ်သွားမည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ စည်ပင်ဝန်ကြီး ဦးမင်းအောင်က နိရဥ္စရာသို့ ပြောကြားသည်။

ရုပ်မြင်သံကြား ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ပွဲတော်ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်နေသူ ဦးဝင်းကြည်က “နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို နိုင်ငံသူ နိုင်ငံသား အားလုံးက ပိုမိုသိရှိလာစေဖို့က အဓိကပဲ။ အဲ့ဒါကို ရည်ရွယ်ပြီးတော့ ဒီပွဲတော်ကို ကျင်းပတာပါ။ ဒီငြိမ်းချမ်းရေး ဂီတပွဲတော်ကို လုပ်လိုက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဟာ ဂီတနဲ့ ဆက်နွယ်ပြီးတော့ ဂီတဟာလည်း ငြိမ်းချမ်းရေးမှာ တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုနိုင်ပါလားဆိုတာကို အားလုံးက သတိထားမိလာစေဖို့ ဖြစ်ပါတယ်”ဟု နိရဥ္စရာ သတင်းဌာနကို ပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော်ကို ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကျင်းပလာခဲ့ပြီး ရှမ်းပြည်နယ်တွင် တောင်ကြီးနှင့် လားရှိုး၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ မွန်ပြည်နယ် မော်လမြိုင် ၊ ဧရာဝတီတိုင်း ပုသိမ်၊ ရန်ကုန်တိုင်း ရန်ကုန်တို့တွင် ပြုလုပ်ခဲ့ပြီဖြစ်သည်။

ငြိမ်းချမ်းရေးဂီတပွဲတွင်ကို စစ်တွေတွင် ပြုလုပ်ပြီးသွားလျှင် ကျန်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးဖြစ်သည့် နေပြည်တော်၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ် ဘားအံနှင့် စစ်ကိုင်းတိုင်း ကလေးမြို့တို့တွင် ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ရွေးချယ်ခံရသူများကို Level 2 (ဒုတိယအဆင့်) ရွေးချယ်ရန် ၂ ပွဲကို မန္တလေးတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ဇကာတင် ၁၀ ဦးကို ရွေးချယ်ကာ၊ တတိယအဆင့် ပြိုင်ပွဲကို ၄ ပွဲပြုလုပ်သွားမည်ဖြစ်ရာ ၂ ပွဲကို နေပြည်တော်နှင့် ကျန် ၂ ပွဲကို ရန်ကုန်တွင် ပြုလုပ်သွားမည်ဟု ဆိုသည်။

နောက်ဆုံးကျန်သုံးဦးအတွက် နောက်ဆုံး Grand Final ပွဲကို ရန်ကုန်တွင် ကျင်းပကာ ပထမရရှိသူကို ကျပ်သိန်း ၃၀၀၊ ဒုတိယဆုကို ကျပ်သိန်း ၂၀၀ နှင့် တတိယဆုကို ကျပ်သိန်း ၁၀၀ ချီးမြှင်သွားမည်ဖြစ်ပြီး၊ ဇကာတင် ၁၀ ဦးထဲမှ ကျန်ရစ်သူ ရ ဦးကို နှစ်သိမ့်ဆုအဖြစ် တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီ ချီးမြှင့်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင်ပြုလုပ်သော ငြိမ်းချမ်းရေးဂီတပွဲတော်တွင် ဧည့်သည် ရခိုင်နာမည်ကြီးအဆိုတော် ၀င်းကိုခိုင်၊ ဇော်ဝင်းထွန်း(ခ) သားငယ်နှင့် ဂျင်းနီတို့ လာရောက် သီဆို ဖျော်ဖြေမည်ဟု သိရှိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...