သတင်းစာတွင် စာသားချန်လှပ်ဖော်ပြမှု ပြန်ကြားရေးဝန်ကြီးကို ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကန့်ကွက်

သတင်းစာတွင် စာသားချန်လှပ်ဖော်ပြမှု ပြန်ကြားရေးဝန်ကြီးကို ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကန့်ကွက်
by -
နိရဥ္စရာ
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေမှ ပြည်သူ့လွှတ်တော်တွင် တင်သွင်းသောအဆို၏ ခေါင်းစဉ်ပါ စာသားအချို့အား အစိုးရပိုင် ကြေးမုံနှင့် မြန်မာ့အလင်းတို့တွင် ချန်လှပ်ဖော်ပြခြင်း အပေါ်ပြည်ထောင်စုပြန်ကြားရေး ၀န်ကြီးထံသို့ သြဂုတ် ၂၁ ရက်နေ့က စာရေးသားပြီး ကန့်ကွက်လိုက်သည်။

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ပုံမှန် ပဥ္စမပုံမှန် အစည်းအဝေး (၄၆)ရက်မြောက်နေ့ (၁၈-၈-၂၀၁၇)ရက်နေ့တွင် ဒေါ်ခင်စောဝေသည် “ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသော ဘင်္ဂလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှု ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာထိပါး နှောင့်ယှက်လာသည် ဖြစ်၍ ဒေသအတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများချမှတ်ကာ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအားတိုက်တွန်းကြောင်း” အဆိုကို တင်သွင်းခဲ့သည်။

အဆိုပါ ခေါင်းစဉ်စာသားအား (၁၉-၈-၂၀၁၇) ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများ ဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် လွှတ်တော်ရေးရာ သတင်းဖော်ပြရာ၌ “ ဘင်္ဂလီ လူမျိုး အစွန်းရောက် အဖွဲ့အစည်းများ” စာသားအစား “ အစွန်းရောက်အဖွဲ့အစည်း” ဟုသာ ဆင်ဆာဖြတ်တောက်ပြီးမှ ထည့်သွင်း ဖော်ပြခဲ့သဖြင့် ဒေါ်ခင်စောဝေ၏ စာရေးကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်ခင်စောဝေမှ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းစုံစမ်းခဲ့ကြောင်း၊ တာဝန်ရှိသူမှ သတင်းစာကျင့်ဝတ်အရ “ ဘင်္ဂလီ” ဆိုသော စကားအသုံးအနှုန်းမှာ ပြဿနာရှိသဖြင့် ထည့်သွင်းဖော်ပြခြင်း မရှိခြင်းသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဆိုသည်။

သူမ၏ အဆိုအားလွှတ်တော်မှတ်တမ်းတွင် ဖြတ်တောက်ထားခြင်းမရှိသကဲ့သို့ လွှတ်တော်ချင်နယ်မှလည်း တစ်နိုင်ငံလုံးသို့ထုတ်လွှင့်ပြီး ဖြစ်ကြောင်း၊ ထို့ပြင်ဘင်္ဂလီဆိုသည်မှာ နိုင်ငံတော်ကတရားဝင်သုံးစွဲနေသော လူမျိုးအမည်လည်း ဖြစ်ကြောင်းဖြင့်လည်း သူမ ကန့်ကွက်လွှာတွင် ဖော်ပြထားသည်။

ဒေါ်ခင်စောဝေမှ သူမ၏ အဆို ခေါင်းစဉ်ပါ စာသားအပြည့်အစုံကို မဖော်ပြဘဲ မိမိလိုသလို ဖြတ်တောက်ဖော်ပြခဲ့သော လုပ်ရပ်အားကန့်ကွက်ပါကြောင်းနှင့် အမှားပြင်ဆင်ချက် ပြန်လည်ဖော်ပြပေးနိုင်ရန် သူမ၏ စာထဲတွင်ရေးသားဖော်ပြထားသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...