မောင်တောမြို့တွင်း ရပ်ကွက်တစ်ခုမှ အကြမ်းဖက်သမားဟုယူဆရသူတစ်ဦးကိုဖမ်းဆီးမိ

မောင်တောမြို့တွင်း ရပ်ကွက်တစ်ခုမှ အကြမ်းဖက်သမားဟုယူဆရသူတစ်ဦးကိုဖမ်းဆီးမိ
by -
နိရဥ္စရာ
မောင်တောမြို့ အရှေ့မြောက်ဘက် ၁ မိုင်ခန့် အကွာ ရွာသစ်ကေရပ်ကွက် (အရှေ့ရွာ) မှ ဟာမစ်ဟူဆောင်း (၂၅)နှစ် (ဘ)နာဇီအူဆောင်းကို ဓါးမျိုးစုံ ၅ လက်အပါအဝင် စစ်အသုံးဆောင် ပစ္စည်းတစ်ချို့နှင့်အတူ ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

njr2201သတင်းအရ မောင်တောမြို့နယ်မှူးကျော်မြဝင်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ရွာသစ်ကေ ရပ်ကွက် (အရှေ့ရွာ)နေ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး တို့လိုက်ပါပြီး သြဂုတ်လ ၂၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် ရွာသစ်ကေ ရပ်ကွက် အရှေ့ ရွာနေ ဟာမစ်ဟူဆောင်း(၂၅) နှစ်(ဘ)နာဇီအူဆောင်း နေအိမ်သို့ ရှောင်တခင် ဝင်ရောက် စီးနှင်း ရှာဖွေခဲ့သည်ဟု သိရသည်။

ထိုသို့ရှာဖွေစဉ် အိမ်၏ အိပ်ခန်းခေါင်းရင်းမှ အနက်ရောင် ဂျာစီ အကျီတစ်ထည်၊ နက်ပြာရောင် သရေစည်း ဘောင်းဘီတိုတစ် ထည်၊ နက်ပြာရောင်ဘောင်ဘီတိုတစ်ထည်၊ တရုတ်နိုင်ငံလုပ် နံပါတ် (၇) တောစီး အရှည် စစ်သုံး အစိမ်းရောင် ဖိနပ်တစ်ရံ၊ အစိမ်းရောင်ခြေအိပ် တစ်စုံ၊ စစ်သုံး ဒန်သောက် ရေဗူးခွံတစ် ဗူး၊ ဓါးမျိုးစုံ ၅ လက်အပြင် တစ်ခြားအသုံးအဆောင်များအား ဟာမစ်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း မောင်တော ရဲစခန်းမှ အတည်ပြုပြောကြားသည်။

ရဲအုပ်ရွှေထွန်းလူမှ ၎င်းအမှုအား တရားလိုပြုလုပ်ပြီး ၁၉၄/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ (၁၄၀) အရ အမူဖွင့်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရပါသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...