မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းရှစ်သိန်းကျော် ဖမ်းမိ

မောင်တောတွင် စိတ်ကြွဆေးပြား တစ်သန်းရှစ်သိန်းကျော် ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဇူလကျေးရွာအတွင်းရှိ အိမ်တစ်အိမ်အား သက်ဆိုင်ရာမှ ၀င်ရောက်ရှာဖွေရာမှ သိန်းပေါင်း သုံးသောင်းခြောက်ထောင်နှစ်ရာ ခုနှစ်ဆယ် တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၁၃၅၀၀ ပြားကို ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

“ဖမ်းမိတာ ဟုတ်ပါတယ်။ ဒီနေ့ (သြဂုတ် ၂၁) ညနေ ၄ နာရီလောက်မှာ ဖမ်းမိတာပါ။ စုစုပေါင်း ၁၈ သိန်းကျော်ဖြစ်ပါတယ်။ ဇူလာကျေးရွာနေ အာဆော့ဒူလာ နေအိမ်က ဖြစ်ပါတယ်” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှ နိရဥ္စရာသို့ ပြောကြားသည်။

သြဂုတ် ၂၁ ရက် ညနေ ၄ နာရီ အချိန်ခန့်တွင် သတင်းအရ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ဒုရဲမှူးကြီး ဥဏ်ဝင်းဦး၊ ရဲအုပ်လှမြင့်ဦးနှင့်အဖွဲမှ ဇူလကျေးရွာ အုပ်ချုပ်ရေးမှူး ဟာကူရာမာန်တို့နှင့် အတူ ဇူလကျေးရွာနေ အာဆော့ဒူလာ (၁၇)နှစ် (ဘ)မော်ဂူလာမောက် ၏ နေအိမ်ကို သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်၏ အောက်ခန်း ဂိုဒေါင်အတွင်းမှ ၎င်းမူယစ်ဆေးဝါးများအား ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း သိရသည်။

မောင်တောရဲစခန်းမှ ရဲအရာရှိတစ်ဦးက “ အဝါရောင် ပီနံအိတ် ၉ အိပ်နဲ့ခွဲပြီး ထုပ်ပိုးထားတာကို တွေ့ရပါတယ်။ အထုပ် ၁၈၉ ထုပ်၊ ၁ ထုပ်မှာ ၉၇၅၀ ပြားထည့်ထားပါတယ်။ wy စာတန်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြားတွေ ဖြစ်ပါတယ်။ စုစုပေါင်း စစ်ဆေးကြည့်တော့ ဆေးပြားအရေအတွက်(၁၈၁၃၅၀၀) ပြား ဖြစ်ပါတယ်။ ကာလတန်ဖိုးနဲ့ဆိုရင် (၃၆၂၇၀၀၀၀၀၀) ကျပ်ဖိုး တန်ဖိုးရှိပါတယ်” ဟု ပြောကြားသည်။

၎င်းဆေးပြားများကို ဖမ်းဆီးရမိပြီးနောက် နောက်ကွယ်မှ ကွင်းဆက်များကို ရှာဖွေဖော်ထုတ်မှုများ ပြုလုပ်နေသည်ဟု ရဲအရာရှိက ပြောကြားသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...