ဘူးသီးတောင်မြို့နယ်မှ ပျောက်ဆုံး ကျန်းမာရေးဝန်ထမ်းအား ဆက်လက်ရှာဖွေနေဆဲ

ဘူးသီးတောင်မြို့နယ်မှ ပျောက်ဆုံး ကျန်းမာရေးဝန်ထမ်းအား ဆက်လက်ရှာဖွေနေဆဲ
by -
နိရဥ္စရာ
သြဂုတ် ၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေသူ ဘူးသီးတောင်မြို့နယ်၊ စိုင်းဒင်စျေးကျေးရွာနေ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်အား လက်ရှိ အချိန်ထိ ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖုန်ညိုလိပ် နယ်ခြားစောင့်စခန်းမှ စခန်းမှူးမှ ပြောကြားသည်။

Narinjara doc“ ဦးထွန်းအေးမောင်ကို ကျွန်တော်တို့ ဒီနေ့ထိ လိုက်ရှာနေပါတယ်။ မတွေ့သေးပါဘူး။ အုပ်စု လေးအုပ်စုက အုပ်ချုပ်ရေးမှူးတို့ကို အကြောင်းကြားထားပြီး ဖြန့်ခွဲ ရှာဖွေမှုတွေ ပြုလုပ်ပေမယ့် ခုချိန်ထိ မတွေ့သေးပါဘူး” ဟု စခန်းမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ဘူးသီးတောင်မြို့နယ် စိုင်းဒင်စျေးကျေးရွာနေ ငှက်ဖျားဌာနမှ ကျန်းမာရေးဝန်ထမ်း ဦးထွန်းအေးမောင်သည် သြဂုတ် ၁ ရက် မွန်းတည့် ၁၂ နာရီတွင် သလူပြားကျေးရွာနေ ဒေါ်မနု (၅၅) နှစ် မကျန်းမာသဖြင့် ဆေးကုသပေးရန် သလူပြားကျေးရွာနေ အောင်ကျော်ဝင်း (၂၉) နှစ် ပါ နှစ်ဦမှလာရောက်ခေါ်ဆောင် သွားခဲ့သည်။

သြဂုတ် ၈ ရက် နံနက် ရ နာရီတွင် ဦးထွန်းအေးမောင်သည် ၎င်းနေထိုင်သည့် စိုင်းဒင်ကျေးရွာသို့ ပြန်သွားခဲ့သော်လည်း အိမ်သို့ပြန်မရောက်ဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ဘူးသီးတောင်မြို့နယ် နွားရုံတောင်ကျေးရွာမှ ရွာသားများသည် ဟင်းစားရှာရန်သွားရောက်စဉ် သြဂုတ် ၁၇ ရက်ညနေ ၃ နာရီ ၁၀ မိနစ်က ချောင်းကမ်းစပ်၌ တွေ့ရှိသည့် အမည်မသိ ဦးခေါင်းမပါသည့် အမျိုးသားတစ်ဦး၏ အလောင်းမှာ ဦးထွန်းအေးမောင်အလောင်းဖြစ်သည်ဟု သတင်းဖြစ်ပေါ်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ ဖုန်ညိုလိပ် နယ်ခြားစောင့်စခန်း စခန်းမှူးက ၎င်းသတင်းမှာ လုံးဝ မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။

“ ကျွန်တော်တို့ အပါအဝင် ဘူးသီးတောင် ဆေးရုံအုပ်ကြီး၊ ငှက်ဖျားဌာက သူ့လုပ်ဖော် ကိုင်ဘက်တွေ အကုန်လုံး စစ်ဆေးပြီးပါပြီ။ အဲဒီအလောင်းဟာ ဦးထွန်းအေးမောင်ရဲ့ အလောင်းမဟုတ်ပါဘူး။ ဦးထွန်းအေးမောင်ရဲ့ အလောင်းမဟုတ်ကြောင်းကိုလည်း မိသားစုက လက်မှတ်ရေးထိုးထားပါတယ်” ဟု စခန်းမှူးက ဆက်လက် ပြောဆိုသည်။

ဦးထွန်းအေးမောင်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်မဖြူသည် သြဂုတ် ၁၂ ရက် ညနေ ၅ နာရီခွဲတွင် ညောင်ချောင်းနယ်မြေစခန်း၌ အမှုဖွင့်ထားကြောင်း သိရှိရသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...