ကျောက်ဖြူမြို့ မြေထိန်းနံရံအပြင်ဘက် ကမ်းခြေတွင် အဆောက်အဦ ဆောက်လုပ်သူများကို အရေးယူမည်

ကျောက်ဖြူမြို့ မြေထိန်းနံရံအပြင်ဘက် ကမ်းခြေတွင် အဆောက်အဦ ဆောက်လုပ်သူများကို အရေးယူမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မြစ်နားလမ်းရှိ မြေထိန်းနံရံအပြင် ဘက်ကမ်းခြေတွင် အဆောက်အဦများ ဆောက်လုပ်နေသူများကို တားမြစ်သွားမည် ဖြစ်ပြီး မလိုက်နာသူများကို အရေးယူသွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

သြဂုတ်လ ၁၈ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်မှ အဆိုပါ နေရာတွင် ဂရန်ခွင့်ပြုမိန့်ရရှိထားကြသူများ၏ ဂရန်ခွင့်ပြုမိန့်များကို မည်သည့် အချိန်တွင် ပြန်လည်ရုပ်သိမ်းပေးမည်ကို သိလိုကြောင်း မေးမြန်းခဲ့သည်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ထိုသို့ ဖြေကြားသွားခဲ့သည်။

ကျောက်ဖြူမြို့၊ သန်ပန်ချောင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ အမှတ် (၃) ဆိပ်ခံတံတားနှင့် ရပ်ကွက်သမဝါယမအသင်း ဆိုင်ဟောင်းကြားရှိ မြစ်ကမ်းမြေ ထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေတွင် မြေဂရန်များဖောက်ကာ အိမ်များဆောက်လုပ်နေကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ ၁၀-၃-၂၀၁၇ ရက်တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၁၇/၂၀၁၇ အစည်းအဝေးဆုံးဖြတ်ချက် အပိုဒ်(၄)၊ အပိုဒ်ခွဲ(က)၊ အပိုဒ်ခွဲငယ်(၁၄) အရ “ယာယီတားမြစ်မိန့်ထုတ်ပြန်ရန်နှင့် မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန်” ဆုံးဖြတ်ပြီး ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်တို့အား အကြောင်းကြားထားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ တားမြစ်ဆောင်ရွက်လျက်ရှိပါကြောင်း ၀န်ကြီးကဖြေကြားခဲ့သည်။

မြေထိန်းနံရံအပြင်ဘက်ကမ်းခြေတွင် အဆောက်အဦများ ဆောက်လုပ်နေခြင်းနှင့်ပတ်သက်၍ ယာယီ တားမြစ်မိန့်ထုတ်ပြန်ရန်နှင့် မလိုက်နာပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်း၊ ကျောက်ဖြူခရိုင် စီမံခန့်ခွဲမှုကော်မတီ၊ ကျောက်ဖြူမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်တို့အား အကြောင်းကြားထားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ တားမြစ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်သူ့လွှတ်တော်တွင် ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဂရန်ထပ်မံချထားခြင်းမပြုရန် တားမြစ်ထားကြောင်း၊ ဦးတင်မောင်ဆွေ၊ ဒေါ်သိန်းတန်+ ဒေါ်မြကေသွယ်တို့၏ မြေ ၂ ကွက်ကို ၎င်းတို့၏ ဆန္ဒအရ အပ်နှံပြီးဖြစ်ကြောင်းလည်း ၀န်ကြီးက ပြောကြားသည်။

ကျောက်ဖြူမြို့၊ သန်ပန်ချောင်း ရပ်ကွက်၊ မြေထိန်းနံရံအပြင်ဘက် ဂျပန်မဆိပ်ကမ်းရှိ ငါး၊ ပုစွန်ဒိုင်များ၊ အဆောက်အဦ/ မြေကွက်များ စနစ်တကျရှိစေရေးနှင့် ဆိပ်ကမ်းသာယာ လှပရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ မြေနေရာယူထား သူများ၊ ၎င်းနေရာတွင် မှီခို လုပ်ကိုင်စားသောက် နေသူများ၊ ပြည်သူများနှင့် ပွင့်လင်းမြင်သာစွာတွေ့ဆုံပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...