ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရုံးဖွင့်ပွဲ ကျောက်တော်မြို့တွင်ပြုလုပ်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရုံးဖွင့်ပွဲ ကျောက်တော်မြို့တွင်ပြုလုပ်
by -
နောင်ခိုင်အောင်
ပါတီမှတ်ပုံတင်ခွင့်ရရှိသွားပြီ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုရုံးသစ်ဖွင့်ပွဲကို ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်တွင် သြဂုတ် ၂၀ ရက် နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည်။

ဗဟိုရုံး ဖွင့်ပွဲကိုပါတီခေါင်းဆောင် ဦးကျော်မြင့်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

“ အခမ်းအနားကို ကျွန်တော်တို့ပါတီရဲ့ မြို့နယ် ဦးစီကော်မတီတွေသာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့တိုးတက်ရေးပါတီ၊ တစည၊ ရခိုင်မျိုးချစ်ပါတီ၊ မြို၊ ခမီ၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ပါတယ်” ဟု ပါတီခေါင်းဆောင် ဦးမျိုးကျော်က ပြောသည်။

အခမ်းအနား ဖွင့်လှစ်ပြီးနောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များသည် ရခိုင်မျိုးချစ်ပါတီ (APP)၊ ဦးစံသာအောင် ဦးဆောင်သော မြိုတိုင်းရင်းသားတိုးတက်ရေးပါတီ၊ ဒိုင်းနက်အမျိုးသားတိုးတက်ရေးပါတီ၊ ဦးမြတ်ထွန်း ဦးဆောင်သည့် မြိုအမျိုးသားဒီမိုကရေစီပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

“တွေ့ဆုံပွဲမှာ ရှင်းတာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရခိုင်အမျိုးသား တစ်ခုတည်းအတွက် ထောင်ထားတဲ့ ပါတီမဟုတ်ဘူး။ ရခိုင်ပြည်မှာရှိတဲ့ တိုင်းရင်းသားတွေ အကုန်လုံးအတွက် ကိုယ်စားပြုဖွဲ့စည်းထားတဲ့ ပါတီဖြစ်တဲ့အကြောင်း ပါတီစတင်တည်ထောင်စဉ်ကတည်းက ရည်မှန်းချက်တွေနဲ့ အတူ ပါတီ ခေါင်းဆောင် ဦးကျော်မြင့်က ရှင်းလင်း ပြောကြားခဲ့ပါတယ်” ဟု ဦးမျိုးကျော်က ဆက်လက် ပြောကြားသည်။

ရုံးဖွင့်ပွဲ အခမ်းအနားသို့ လူပေါင်း ၃၀၀ နီးပါးခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဇူလိူင်လ ၁၈ ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခွင့်ပြုခဲ့သည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...