သူ၏ ရုပ်အလောင်းကို ယနေ့နံနက်က ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အမြန်ရေယာဉ်ဖြင့် သယ်ဆောင်ကာ ဘူးသီးတောင်မြို့သို့ ပို့ဆောင်ခဲ့ပြီး ၊ ထိုမှတစ်ဆင့် မောင်တောသို့ လူနာတင်ယာဉ်ဖြစ်ဖြင့် သယ်ဆောင်သွားကာ မြန်မာ-ဘင်္ဂလားနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သွားခဲ့ဟု သိရသည်။
Mr Awlad Hossain ကွယ်လွန်ချိန်တွင် အသက် ၅၀ ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။
“ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် Mr Awlad Hossain ရဲ့ရုပ်အလောင်းက်ု စပိဘုတ်နဲ့ စစ်တွေမြို့မှ သယ်ဆောင်လာပြီး ဘူသီးတောင် ပန်းဇင်တံတားအောက်မှ တစ်ဆင့် ဘူသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသောင်းငွေဦးစီးသော လုံခြံုရေးအဖွဲ့မှ မော်တော်ယာဉ် (၄)စီးနဲ့ ညနေ ၆ နာရီ ၂၀ တွင် မောင်တောမြို့ လှဘော်ဇားချောင်း ကင်းစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို လွဲပြောင်း ပေးအပ်ခဲ့ပါတယ်” ဟု မောင်တော ဒေသမှ ၀န်ထမ်း တစ်ဦးက ပြောသည်။
အလောင်းနှင့်အတူ ၎င်း ၏ ဇနီနှင့် ကလေးပါ ဘင်္ဂလာသို့ လိုက်ပါလာခဲ့ကြောင်းသိရပါသည်။







