ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် စစ်တွေတွင် ရုတ်တရက် ကွယ်လွန်

ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် စစ်တွေတွင် ရုတ်တရက် ကွယ်လွန်
by -
စံမောင်သန်း
မြန်မာနိုင်ငံဆိုင် ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန် Mr Awlad Hossain သည် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ကောင်စစ်ဝန်ရုံးတွင် သြဂုတ် ၁၉ ရက်နေ့နံနက် ၄ နာရီ ၃၀ က သွေးတိုးရေဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

သူ၏ ရုပ်အလောင်းကို ယနေ့နံနက်က ရခိုင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အမြန်ရေယာဉ်ဖြင့် သယ်ဆောင်ကာ ဘူးသီးတောင်မြို့သို့ ပို့ဆောင်ခဲ့ပြီး ၊ ထိုမှတစ်ဆင့် မောင်တောသို့ လူနာတင်ယာဉ်ဖြစ်ဖြင့် သယ်ဆောင်သွားကာ မြန်မာ-ဘင်္ဂလားနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့သို့ လွှဲပြောင်း ပေးအပ်သွားခဲ့ဟု သိရသည်။

Mr Awlad Hossain ကွယ်လွန်ချိန်တွင် အသက် ၅၀ ရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

“ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန် Mr Awlad Hossain ရဲ့ရုပ်အလောင်းက်ု စပိဘုတ်နဲ့ စစ်တွေမြို့မှ သယ်ဆောင်လာပြီး ဘူသီးတောင် ပန်းဇင်တံတားအောက်မှ တစ်ဆင့် ဘူသီးတောင် မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသောင်းငွေဦးစီးသော လုံခြံုရေးအဖွဲ့မှ မော်တော်ယာဉ် (၄)စီးနဲ့ ညနေ ၆ နာရီ ၂၀ တွင် မောင်တောမြို့ လှဘော်ဇားချောင်း ကင်းစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို လွဲပြောင်း ပေးအပ်ခဲ့ပါတယ်” ဟု မောင်တော ဒေသမှ ၀န်ထမ်း တစ်ဦးက ပြောသည်။

အလောင်းနှင့်အတူ ၎င်း ၏ ဇနီနှင့် ကလေးပါ ဘင်္ဂလာသို့ လိုက်ပါလာခဲ့ကြောင်းသိရပါသည်။

လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...