ရမ်းဗြဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်တစ်ချို့ခေါင်းမိုးများပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ

ရမ်းဗြဲမြို့နယ်တွင် လေဆင်နှာမောင်းတိုက်၍ အိမ်တစ်ချို့ခေါင်းမိုးများပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းဗြဲငယ်ချောင်းဖျားကျေးရွာအုပ်စုတွင် သြဂုတ် ၁၆ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ပျက်စီးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

ဒဏ်ရာရသွားသည့် ကလေးငယ်မှာ ရမ်းဗြဲငယ် ချောင်းဖျားကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာမှ ဦးအောင်ကိုနိုင်၏သား မောင်အောင်ခိုင်ခန့်(၃)နှစ် ဖြစ်ပြီး နေအိမ်အမိုးစွန်းထိမှန်ပြီး ဦးခေါင်း ပေါက်ပြဲ ဒဏ်ရာရရှိသွား၍ ကျောက်နီမော်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

‘‘အမိုးစွန်းက ကလေးရဲ့ ဦးခေါင်းကို ထိမှန်တာပါ။ ကလေးရဲ့ ဒဏ်ရာက မစိုးရိမ်ရပါ။ ကျောက်နီမော် ဆေးရုံသို့ ဆေးကုသဖို့ သွားခဲ့တယ်။ ဒီနေ့ ညနေအိမ်ပိုင်းမှာပဲ ဆေးရုံက နေအိမ်သို့ ပြန်လာပါပြီ’’ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးမြသောင်း ကပြောသည်။

njr1701

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အဝကျေးရွာတွင် နေအိမ်(၆)လုံးနှင့် ချောင်းဖျား ကျေးရွာတွင် နေအိမ်(၁)လုံး၊ တက်ကော့ ကျေးရွာတွင် နေအိမ်(၂)လုံး စုစုပေါင်းနေအိမ်(၉)လုံး၏ ခေါင်မိုးများ ပျက်စီးသွားကြောင်း ဦးမြသောင်းက ပြောသည်။

နေအိမ်ခေါင်းမိုးများ ပျက်စီးမှုများ၏ စုစုပေါင်းဆုံးရှံုးမှုတန်ဖိုးမှာ (၂၇၈၀၀၀) ကျပ်ဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...