သံတွဲတွင် ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ

သံတွဲတွင် ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ
by -
မာန်ယုကျော် (ရွှေဝမြေ)
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်တွင် ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြားများကို သြဂုတ်လ ၉ ရက်နေ့၊ ညက ဖမ်းဆီးရမိခဲ့ကြောင်း သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်မျိုးထက်က နိရဥ္စရာသို့အတည်ပြုပြောသည်။ “ကျနော်တို့ ၂ မှု ဖမ်းမိပါတယ်။ WY ဆေးပြား ၂၆ ပြားတစ်မှု၊ ၄၇၆ ပြား တစ်မှုပါ”ဟု ဒုရဲမှူး ကျော်မျိုးထက်က ဆိုသည်။ သြဂုတ်လ ၉ ရက်နေ့၊ ည ရ နာရီခွဲခန့်က သံတွဲမြို့၊ ဘုရင့်နောင်လမ်းမပေါ်တွင် လမ်းလျှောက်လာသော မသီရိမွန်ထံမှ WY ဆေးပြား ၂၆ ပြားကို စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရဲက ပြောသည်။ ယင်းနောက် မသီရိမွန် ဝယ်ယူခဲ့သည့် သံတွဲမြို့၊ သစ်ထုတ်လုပ်ရေးလမ်း၊ အမှတ်(၇)ရပ်ကွက်နေ ဦးမြင့်ဌေး၏ နေအိမ်သို့ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ဦးမြင့်ဌေး၏နေအိမ်အောက်ထပ်ရှိ သုံးထပ်သားများထားသည့်နေရာမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၇၆)ပြားကို ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ “လက်ရှိမှာတော့ ကျနော်တို့ သူတို့နှစ်ယောက်ကို ဖမ်းပြီး ရမန်ယူစစ်ဆေးနေပါတယ်။”ဟုလည်း သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်မျိုးထက်က ဆက်ပြောသည်။ စိတ်ကြွဆေးပြားများနှင့်အတူ ငွေကျပ် ၃ သိန်းကျော် ၂ သောင်းကျော်ကိုလည်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...