မေယုဒေသတွင် အကြမ်းဖက်မှု ကျူးလွန်နေသည့်အဖွဲ့ကို တရားဝင် ထုတ်ပြန်ရန် ညီနှောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းမှ တောင်းဆို

မေယုဒေသတွင် အကြမ်းဖက်မှု ကျူးလွန်နေသည့်အဖွဲ့ကို တရားဝင် ထုတ်ပြန်ရန် ညီနှောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းမှ တောင်းဆို
by -
နိရဥ္စရာ
မေယုဒေသတွင် အကြမ်းဖက်ကျူးလွန်မှုများ မကြာခဏ ပေါ်ပေါက်နေရာ ထိုအကြမ်းဖက်မှုများကို မည်သည့် အကြမ်းဖက်အဖွဲ့မှ ကျူးလွန်နေသည်ကို နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် ထုတ်ပြန်ရန် ညီနှောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းမှ တောင်းဆိုလိုက်သည်။

၎င်းတောင်းဆိုမှုကို သြဂုတ်လ ၈ ရက်နေ့က ညီနှောင်တိုင်းရင်းသားပါတီများဖက်ဒရေးရှင်းမှ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးကျေးရွာမှ လူနည်းစု တိုင်းရင်းသားများ ဖြစ်ကြသည့် မြိုတိုင်းရင်းသား ၈ ဦးအသတ်ခံရခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မောင်တောဒေသတွင် ဒေသခံ ဌာနေတိုင်းရင်းသားများအား မကြာခဏ အကြောင်းမဲ့ သတ်ဖြတ်မှုသည် အဖွဲ့အစည်းတစ်ရပ်မှ နောက်ကွယ်တွင် စီမံဆောင်ရွက်ခြင်း ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ထိုသို့ ဒေသခံ ဌာနေတိုင်းရင်းသားများအား အကြမ်းဖက်သတ်ဖြတ်မှု ဖြစ်ရပ် ဖြစ်ပေါ်တိုင်း နိုင်ငံတော် အစိုးရနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မည်သည့် အဖွဲ့အစည်း ဖြစ်သည်ကို တရားဝင် ထုတ်ပြန်သင့်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းတွင် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီအပါအဝင် တိုင်းရင်းသားပါတီ ၂၂ ပါတီ ပါ၀င်ကြောင်း သိရသည်။

njr1108

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...