(၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်မှ အားကစားသမား ၁၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်

(၂၉) ကြိမ်မြောက် မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ်မှ အားကစားသမား ၁၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်
by -
နိရဥ္စရာ
မလေးရှားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် သြဂုတ်လ ၁၉ ရက်မှ ၃၀ ရက်နေ့ထိ လက်ခံကျင်းပမည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းစ်သို့ မြန်မာနိုင်ငံမှ လက်ရွေးစင် အားကစားသမား ၃၈၄ ဦး စေလွှတ်မည် ဖြစ်ရာ ၎င်းအထဲတွင် ရခိုင်ပြည်နယ်မှ အားကစားသမား ၁၄ ဦးပါ၀င်သည်ဟု ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တစ်ဆင့်သိရသည်။

ရခိုင်ပြည်နယ်မှ အားကစားသမားများ ပါ၀င်ယှဉ်ပြိုင်ကြမည့် အားကစားများမှာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ဂျူဒို၊ တိုက်ကွန်ဒို၊ ကရာတေးဒို၊ မြှားပစ်၊ ခရစ်ကတ်၊ Squash နှင့် (စက်ဘီးစီး၊ ရေကူး၊ အပြေး) သုံးမျိုးစုံ အားကစားတို့ဖြစ်ကြောင်း သိရသည်။

ဘောလုံးတွင် မောင်ခင်ကျော်ဝင်း (ကျောက်ဖြူ)၊ အမျိုးသား ဘောလီဘောတွင် မောင်အောင်မြတ်ထွန်း (စစ်တွေ) နှင့် အမျိုးသမီးဘောလီဘောအသင်းတွင် မဥမ္မာသန်း (စစ်တွေ)၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် မောင်အောင်မျိုးဆွေ (ကျောက်တော်)၊ မောင်အောင်မျိုးနိုင် (မြေပုံ) နှင့် မအေးအေးသန်း ကျောက်တော်၊ ဂျူဒိုပြိုင်ပွဲတွင် မဖြိုးရွှေစင်ကျော် ရ၀ ကီလိုတန်း (သံတွဲ)၊ တိုက်ကွန်ဒို နှင့် ကရာတေးဒို ပြိုင်ပွဲတွင် မောင်ဇော်လင်းထက် ၅၄ ကီလိုတန်း၊ မြှားပစ်တွင် မောင်ငြိမ်းစည်သူ (မြောက်ဦး) နှင့် မစုစုလှိုင် (ကျောက်ဖြူ)၊ ခရစ်ကတ်တွင် မောင်မျိုးထက်ထွန်း (အမ်း)နှင့် မထွေးနှောင်း (စစ်တွေ)၊ Squash တွင် မသန်းသန်းစိုး (ပုဏ္ဏားကျွန်း) နှင့် (စက်ဘီးစီး၊ ရေကူး၊ အပြေး) သုံးမျိုးစုံပြိုင်ပွဲတွင် မောင်ကျော်ထက်အောင် (သံတွဲ) တို့ဖြစ်ကြောင်း သိရသည်။

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများ စေလွှတ်ရာတွင် ရခိုင်ပြည်နယ်မှ ၂၇ ကြိမ်မြောက် တွင် ရ ဦးနှင့် ၂၈ ကြိမ်မြောက်တွင် ၉ ဦးပါ၀င်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပေါင်းစုံပြိုင်ပွဲတွင် ရခိုင်ပြည်နယ်သည် ယခုလက်ရှိတွင် အဆင့် ၈ နေရာတွင် ရောက်ရှိနေပြီး၊ မြန်မာ့လက်ရွေးစင် အားကစားသမားများ မွေးထုတ်ရာတွင် အဆင့် ၅ ရှိသည်ဟု ရခိုင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

မလေးရှား ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့သည် အားကစားနည်း ၂၉ မျိုးတွင် ကစားသမား ၃၈၄ ဦး ပါ၀င်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...