နိုင်ငံတကာ အန်ဂျီအိုတစ်ချို့ကို လက်မခံနိုင်ကြောင်း လူထု အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ပြည်နယ်အစိုးရမှ အိုင်အန်ဂျီအိုများနှင့်တွေ့ဆုံ

နိုင်ငံတကာ အန်ဂျီအိုတစ်ချို့ကို လက်မခံနိုင်ကြောင်း လူထု အစည်းအဝေး ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ပြည်နယ်အစိုးရမှ အိုင်အန်ဂျီအိုများနှင့်တွေ့ဆုံ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် စစ်တွေရှိ နိုင်ငံတကာ အန်ဂျီအိုများမှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

ယခု တွေ့ဆုံမှုသည် သြဂုတ် ၆ ရက်နေ့က စစ်တွေမြို့ရှိ အတုလ မာရဇိန် ဘုရားကြီး ရင်ပြင်၌ ပြုလုပ်ခဲ့သော လူထုအစည်းအဝေးတွင် အန်ဂျီအို တစ်ချို့ကို ရခိုင်ပြည်နယ်တွင် လက်မခံနိုင်တော့ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ စစ်တွေရှိ နိုင်ငံတကာ အန်ဂျီအိုများကို ခေါ်ယူတွေ့ဆုံမှု ဖြစ်သည်။

ယခုကဲ့သို့ အန်ဂျီအိုများနှင့် ပတ်သက်ပြီး စစ်တွေတွင် အစည်းအဝေးမှ ဆုံးဖြတ်ချက် ထွက်ပေါ် လာပြီးနောက် အစိုးရနှင့် အိုင်အန်ဂျီအိုများ အကြား ပြုလုပ်သော အစည်းအဝေးဖြစ်သဖြင့် လူအများက စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရသည်။

သို့သော်လည်း အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ထုတ်ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘုတ် စာမျက်နာတွင်မူ ယခု အစည်းအဝေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(Rakhine Joint Assessment ) မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု နှင့် စပ်လျှင်း၍ ညှိနှိုင်း အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။

အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး (ECC )ခန်းမတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ အစည်းအဝေးသို့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ စိုက်ပျိုး/ မွေးမြူနှင့် သတ္တု ၀န်ကြီး ဦးကျော်လွှင် အပါအဝင် အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...