မိုင်းပေါက်ကွဲသည့် မောင်တောမြို့နယ် ပန်းတောပြင်ရွာမှ မိုင်းနှင့်ဆက်စပ်သည့်ပစ္စည်းများ သိမ်းဆည်းရမိ

မိုင်းပေါက်ကွဲသည့် မောင်တောမြို့နယ် ပန်းတောပြင်ရွာမှ မိုင်းနှင့်ဆက်စပ်သည့်ပစ္စည်းများ သိမ်းဆည်းရမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင် ဘင်္ဂလီရွာတွင် သြဂုတ် ၁ ရက်နေ့လယ်က မိုင်း၂ လုံး ပေါက်ကွဲခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါသွားရာ မိုင်းပေါက်ကွဲသည့် အိမ်အတွင်းမှ မိုင်းနှင့် ဆက်စပ်သည့်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့အရာရှိ တစ်ဦးက ပြောသည်။

njr0201.jpg“ပန်းတောပြင်ကျေးရွာအုပ်စု အနောက်ရွာမှာ နေထိုင်သူ ဒီလ်ပါ့လ် (၆၀) နှစ် (ဘ) ဆွေတာ မောက်ရဲ့ နှစ်ထပ်ခြေတံရှည် နေအိမ်ရဲ့ အရှေ့ဝရန်တာ ၃ ပေ ပတ်လည် ကြမ်းခင်းတွေ ကျိုးပဲ့ မီးလောင် ပေါက်ကွဲထားတွေကို တွေ့ရှိရတယ်။ နေအိမ်ရဲ့ မျက်နှာကြက်မှာ မိုးထားတဲ့ ပိတ်စ ၁၀ ပေပတ်လည်ခန့်လည်း မီးလောင်ကျွမ်းထားတာကို တွေ့ရှိရတယ်။ ဆက်လက် စစ်ဆေးတော့ မိုင်းနဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ မိုင်းလုပ်တဲ့ ကရိယာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်”ဟု ၎င်းအရာရှိက ပြောကြားသည်။

နေအိမ်အတွင်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများမှာ ပစ္စတိုကျည်ဆံ ၂ တောင့်၊ ပလပ်စတစ်ဖြင့် ထုပ်ထားသည့် ယမ်း ၂၅ ကျပ်သား၊ မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ဓါတ်မြေသြဇာ (အညိုရောင်) ၁၀ ပိဿာခန့်၊ ဆေးထိုးပြွန်တွင် ယမ်းထည့်ထားသည့် ဝါယာကြိုးစ နှစ်စ၊ ထုတ်ထားသော စနက်တံ ၃ ခု၊ ၁၀ ပေခန့်ရှိ နန်းကြိုးခွေ ၁ ခွေ၊ ဘောစေ့ ၂ လုံး တို့ဖြစ်ကြောင်း ရဲအရာရှိက ပြောကြားသည်။

၎င်းပြင် အနီးအနားမှ ခဲဂေါက် welding ၁ ခု၊ ဒီဂျီတယ် Volt တိုင်းမီတာ ၁ ခု၊ မီးကပ်တိတ် အနက်ရောင် ၁ခွေ၊ ယမ်းကြိတ် ကျောက်ပြင် ၁ ချပ် စသည့် ပစ္စည်းများကိုလည်း ဆက်လက် သိမ်းဆည်းရမိခဲ့သည်ဟု ပြောဆိုသည်။

၎င်းမိုင်းများသည် ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာစဉ် ရွာသားဘင်္ဂလီများမှာ ထွက်ပြေးတိမ်းရှောင် သွားကြသည်ဟု သိရသည်။

“ မိုင်းပေါက်ကွဲတဲ့ အသံလို့ယူရတဲ့ အသံ၂ သံထွက်လာတဲ့ အတွက် ပန်းတောပြင် ရဲကင်း စခန်း နယ်ခြားစောင့်စခန်း (၄) က ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မင်းဝင်းစိုး ဦးစီးတဲ့ ၁၀ ဦး ပါ အဖွဲ့နှင့် နယ်မြေ ရ မှ ရဲမှူး ကျော်သူရည် ဦးစီးတဲ့ ၁၀ ဦးပါအဖွဲ့တို့ ပူပေါင်းပြီး ရှင်းလင်းခဲ့ပါတယ်။ ရွာသားတွေက အားလုံး ထွက်ပြေးနေတယ်။ အမျိုးသမီး နှစ်ဦးဘဲ တွေ့တယ်” ဟု ပြောသည်။

တွေ့ရှိသူ အမျိုးသမီးနှစ်ဦးမှာ ပန်းတောပြင်အနောက်ရွာနေ ဆူဖီရာ (၂၇) နှစ် (ဘ)ဆုလ်တန်နှင့် ရော်ဖီကာ (၁၈) နှစ် (ဘ)ရော်ရှီး အမျိုးသမီး ၂ ဦး သာဦးကိုသာ တွေ့ရှိရကြောင်း၊ ဒဏ်ရာရသူ မတွေ့ရှိရကြောင်း တာဝန်ရှိသူမှအတည်ပြုပြောကြားသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...