မယူကမ်းချွတ်ပြင်မှ ရွာသားတစ်ဦး ခရုကောက်ရန်သွားရာမှ မေယူတောင်တွင် ပျောက်ဆုံးနေ

မယူကမ်းချွတ်ပြင်မှ ရွာသားတစ်ဦး ခရုကောက်ရန်သွားရာမှ မေယူတောင်တွင် ပျောက်ဆုံးနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်နယ်မြေ ချွတ်ပြင်ကျေးရွာမှ ရွာသားတစ်ဦးသည် အဖော်များနှင့် ခရုကောက်ဟင်းရှာသွားရာမှ မေယူတောင်တွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ ချွတ်ပြင်ရွာမှ ကိုသန်းဌေး (၃၀) နှစ်အရွယ်ခန့် ဖြစ်ကြောင်း စေတီပြင်မှကျေးရွာလူကြီးတစ်ဦးဖြစ်သူ ဦးအေးညွှန့်က ပြောကြားသည်။

ချွတ်ပြင်ရွာသားများ ဖြစ်ကြသည့် ကိုသန်းဌေး၊ မောင်တင်ဝင်း၊ထွန်းမောင်စိန် ၃ဦးတို့သည် မေယူတောင်ထဲသို့ ဇူလိုင်လ ၂၇ ရက် နံနက် အချိန်တွင် ခရုကောက်ဟင်းရှာရန် ခွေး ၄ ကောင်နှင့် အတူသွားရောက်ခဲ့ကြကြောင်း၊ လူစုကွဲ သွားပြီးနောက် မောင်တင်ဝင်းနှင့် ထွန်းမောင်စိန်တို့နှင့် ယမန်နေ့ ညနေက ရွာသို့ပြန်ရောက် လာခဲ့ကြောင်း၊ မိသားစုနှင့် ရွာသားများမှ ကိုသန်းဌေးအား လိုက်ရှာ နေသော်လည်း ညနေပိုင်းထိ ပြန်မရောက်လာသေးကြောင်း ဦးမောင်အေးညွန့်က ပြောကြားသည်။

“ သူအိမ်ပြန်ရောက်မလာတဲ့ အတွက်မိသားစုများနဲ့ ရွာသားတွေက ယမန်နေ့ ည ၁၀နာရီကျော်ထိသွားရောက်ရှာခဲ့ကြတယ်။ မတွေ့ခဲ့ဘူး။ ဒီကနေ့မှာလည်း ကျေးရွာသားအင်အား ၄၀ ခန့်နဲ့ မေယူတာင်ထဲမှာ ရှာဖွေနေပါတယ်။ ခွေးတစ်ကောင်လည်း ပျောက်နေပါတယ်” ဟု သူက ပြောဆိုသည်။

လွန်ခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် ကျောက်စာတိုင် ကျေးရွာမှလည်း ရွာသားနှစ်ဦး ဖြစ်ကြသည့် ဦးသံဒိုင်နှင့် ဦးမောင်အေးသာတို့သည် ခရုကောက်ရန် မေယူတောင်ထဲကိုသွားရာမှ ယနေ့အချိန်ထိ ပြန်မတွေ့ဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...