ရခိုင်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၃၀၀ တိုးချဲ့ဖွင့်လှစ်

ရခိုင်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၃၀၀ တိုးချဲ့ဖွင့်လှစ်
by -
နိရဥ္စရာ
စီးပွားရေးနှင့် ပညာရးကဏ္ဍတွင် အလွန်နိမ့်ကျနေသည့် ရခိုင်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ခု ပညာသင်နှစ်အတွက် ကျောင်းပေါင်း ၃၀၀ တိုးချဲ့ဖွင့်လှစ်လိုက်သည်ဟု သတင်းရရှိသည်။

ယင်းသို့ ကျောင်းများ တိုးချဲ့ဖွင့်လှစ် လိုက်ရာတွင် အထက်တန်းကျောင်း ၂၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁၆ ကျောင်း၊ အလယ်တန်းကျောင်း ၈၈ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၅၇ ကျောင်း၊ မူလတန်းလွန် ရ၁ ကျောင်း၊ မူလတန်းကျောင်း ၂၀ နှင့် မူလတန်းကျောင်းခွဲ ၂၇ ကျောင်းရှိသည်ဟု ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

ယင်းသို့ တိုးချဲ့လိုက်ရာတွင် စစ်တွေခရိုင်၌ စစ်တွေမြို့နယ်တွင် အလက ၂ ကျောင်း၊ အလက ခွဲ ၁ ကျောင်း စုစုပေါင်း ၃ ကျောင်း၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထကခွဲ ၂ ကျောင်း၊ အလက ၅ ကျောင်း၊ အလကခွဲ ၁ ကျောင်း၊ မူလွန် ၃ ကျောင်း၊ အမက ၁ ကျောင်း စုစုပေါင်း ၁၂ ကျောင်း၊ ပေါက်တောမြို့နယ်တွင် အထက ၂ ကျောင်း၊ အလက ၁၆ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလွန် ၁၉ ကျောင်း၊ အမက ၂ ကျောင်းနှင့် အမကခွဲ ၂ ကျောင်း စုစုပေါင်း ၄၄ ကျောင်း၊ ရသေ့တောင်မြို့နယ်တွင် အထက ၁ ကျောင်း၊ အထက ခွဲ ၃ ကျောင်း၊ အလက ၄ ကျောင်း၊ အလကခွဲ ၁၀ ကျောင်း၊ မူလွန် ၃ ကျောင်း၊ အမကခွဲ ၁ ကျောင်း စုစုပေါင်း ၂၂ ကျောင်းဖြစ်သည်။

မြောက်ဦးခရိုင်၌ မြောက်ဦးမြို့နယ်တွင် အထက ၁ ကျောင်း၊ အထက ခွဲ ၃ ကျောင်း၊ အလက ၈ ကျောင်း၊ အလကခွဲ ရ ကျောင်း၊ မူလွန် ရ ကျောင်း၊ အမက ၃ ကျောင်း၊ အမကခွဲ ၂ ကျောင်း စုစုပေါင်း ၃၁ ကျောင်း၊ ကျောက်တော်မြို့နယ်တွင် အထက ၂ ကျောင်း၊ အထက ခွဲ ၂ ကျောင်း၊ အလက ၁၂ ကျောင်း၊ အလက ခွဲ ၄ ကျောင်း၊ မူလွန် ၅ ကျောင်း၊ အမက ၁ ကျောင်း၊ အမကခွဲ ၁ ကျောင်း စုစုပေါင်း ၂၇ ကျောင်း၊ မင်းပြားမြို့နယ်တွင် အထက ၃ ကျောင်း၊ အထကခွဲ ၂ ကျောင်း၊ အလက ၉ ကျောင်း၊ အလကခွဲ ၈ ကျောင်း၊ မူလွန် ၉ ကျောင်း၊ အမက ၁ ကျောင်း၊ အမကခွဲ ၁ ကျောင်း စုစုပေါင်း ၃၃ ကျောင်း၊ မြေပုံမြို့နယ်တွင် အထက ၃ ကျောင်း၊ အထကခွဲ ၁ ကျောင်း၊ အလက ၃ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလွန် ၂ ကျောင်း၊ အမကခွဲ ၁ ကျောင်း စုစုပေါင်း ၁၃ ကျောင်းဖြစ်သည်။

မောင်တောခရိုင်၌ မောင်တောမြို့နယ်တွင် အထက ၁ ကျောင်း၊ မူလွန် ၁ ကျောင်း စုစုပေါင်း ၂ ကျောင်း၊ ဘူးသီးတောင်မြို့နယ်တွင် အထက ၂ ကျောင်း၊ အလက ၂ ကျောင်း၊ အလကခွဲ ၂ ကျောင်း၊ မူလွန် ၁ ကျောင်း၊ အမက ၁ ကျောင်း၊ အမကခွဲ ၂ ကျောင်း စုစုပေါင်း ၁၀ ကျောင်း ဖြစ်သည်။

ကျောက်ဖြူခရိုင်၌ ကျောက်ဖြူမြို့နယ်တွင် အထက ၁ ကျောင်း၊ အလက ၁၂ ကျောင်း၊ အလကခွဲ ၈ ကျောင်း၊ မူလွန် ၈ ကျောင်း၊ အမက ၂ ကျောင်း စုစုပေါင်း ၃၁ ကျောင်း၊ ရမ်းဗြဲမြို့နယ်တွင် အထက ၁ ကျောင်း၊ အလက ရ ကျောင်း၊ အလကခွဲ ၃ ကျောင်း၊ မူလွန် ၂ ကျောင်း၊ အမက ၁ ကျောင်း၊ အမကခွဲ ၁ ကျောင်း စုစုပေါင်း ၁၅ ကျောင်း၊ မာန်အောင်မြို့နယ်တွင် အထကခွဲ ၂ ကျောင်း၊ မူလွန် ၂ ကျောင်း စုစုပေါင်း ၄ ကျောင်း၊ အမ်းမြို့နယ်တွင် အထက ၁ ကျောင်း၊ အထက ခွဲ ၁ ကျောင်း၊ အလက ၁ ကျောင်း၊ အလကခွဲ ၄ ကျောင်း၊ မူလွန် ၄ ကျောင်း၊ အမက ၁ ကျောင်း အမကခွဲ ၁၁ ကျောင်း စုစုပေါင်း ၂၃ ကျောင်း ဖြစ်သည်။

သံတွဲ ခရိုင်၌ သံတွဲမြို့နယ်တွင် အလက ၄ ကျောင်း၊ အမက ၁ ကျောင်း စုစုပေါင်း ၅ ကျောင်း၊ တောင်ကုတ်မြို့နယ်တွင် အထက ၁ ကျောင်း၊ အလက ၃ ကျောင်း၊ အလကခွဲ ၁ ကျောင်း၊ မူလွန် ၂ ကျောင်း၊ အမက ၃ ကျောင်း၊ အမကခွဲ ၂ ကျောင်း စုစုပေါင်း ၁၂ ကျောင်း၊ ဂွမြို့နယ်တွင် အထက ၂ ကျောင်း၊ အလက ခွဲ ၂ ကျောင်း၊ မူလွန် ၃ ကျောင်း၊ အမက ၃ ကျောင်း၊ အမကခွဲ ၃ ကျောင်း စုစုပေါင်း စုစုပေါင်း ၁၃ ကျောင်းဖြစ်သည်။

အထကအဆင့် တိုးမြှင့်လိုက်သော ကျောင်းများမှာ ကျောက်တော်မြို့အထကခွဲ ဒုက္ကံချောင်း၊ အမ်းမြို့ အထက ခွဲ အရှေ့ပိုင်း၊ မင်းပြား အထကခွဲ အလက ၂၊ ဘူးသီးတောင် အထကခွဲ အလက ၁၊ ကျောက်တော် အထက ခွဲ ၀ဲကြီးထောင့်၊ မြေပုံ အထက ခွဲ သဲတန်း၊ မြေပုံ အထက ခွဲ ရက်ချောင်း၊ မြေပုံ အထက ခွဲ ငပုန်သုန်၊ မောင်တော အခက ခွဲ ခမောင်းဆိတ်၊ ဘူးသီးတောင် အထက ခွဲ စေတီတောင်၊ ပေါက်တော အထက ခွဲ သပြေကန်၊ ရမ်းဗြဲ အထက ခွဲ မြေပုံ၊ မင်းပြား အထက ခွဲ စွန်ရဲ၊ တောင်ကုတ် အထက ခွဲ ဆားပြင်၊ ကျောက်ဖြူ အထက ခွဲ အောက်မဒေးကျွန်း၊ ရသေ့တောင် အထက ခွဲ ဇီးကိုင်း၊ မင်းပြား အထက ခွဲ မင်းဖူး၊ ဂွ အထက ခွဲ ဘိုကလေး၊ ပေါက်တော အထက ခွဲ ကျောက်တောင်၊ မြောက်ဦး အထက ခွဲ ညောင်ပင်လှ၊ ဂွ အထက ခွဲ တောင်ပေါက်တို့ ဖြစ်သည်။

အထက ခွဲ အဆင့် တိုးမြှင့်လိုက်သော ကျောင်းများမှာ ကျောက်တော် အလက နဂူမေ၊ ရသေ့တောင် အလက ဘာထလေ၊ ကျောက်တော် အလက ခွဆုံ၊ ရသေ့တောင် အလက ရေစိုးချောင်း၊ ပုဏ္ဏားကျွန်း အလက သင်ပုန်းတန်း၊ မာန်အောင် အလက ရဲကျွန်း(မြောက်)၊ မင်းပြား အလက တောင်ရှည်ပြင်၊ မြေပုံ အလက မောင်ရှင်၊ မင်းပြား အလက ကျောက်ခုတ်၊ ပုဏ္ဏားကျွန်း အလက အောင်ဖြူပြင်၊ အမ်း အလက ပဒဲကြော၊ မြောက်ဦး အလက သင်ပုန်းကိုင်း၊ မြောက်ဦး အလက ထိပ်ဝပြင်၊ ရသေ့တောင် အလက ကပ်ချောင်း၊ မြောက်ဦး အလက သချင်္ပ်တောင်နှင့် မာန်အောင် အလက သင်္ဂဇာတို့ ဖြစ်သည်။

“ကျောင်းတွေကို တိုးချဲ့ ဖွင့်လှစ်လိုက်တာကတော့ ကောင်းတဲ့ လက္ခဏာတွေပါ၊ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုပါတယ်။ ပိုပြီးပြောချင်တာက ရေလမ်းခရီးမှာ ရေယာဉ် တိမ်းမှောက် သေဆုံးမှုတွေ ရခိုင်ပြည်မှာ ရှိခဲ့တယ်။ အခုလို ကျောင်းတွေကို မြစ်ကူး ချောင်းကူး သွားနေရတဲ့အတွက် ဖြစ်နေရတာပါ။ တစ်ကမ်းတဲ့ ကျတဲ့ နေရာတွေမှာ ကျောင်းသစ်တွေ ပေါ်လာရင်တော့ မြစ်ကူး ချောင်းကူး နည်းလာပြီးတော့ ကလေးတွေ ခရီးသွား လုံခြံုရေးလည်း ရှိလာမှာပါ”ဟု အထက်တန်းပြ ဆရာဟောင်း ဦးသန်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ ကျောင်းများ တိုးချဲ့ခြင်းအပြင် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း အဆင့်မြှင့်တင်ရာ၌ ကျောင်းအဆင့်နှင့် လိုက်လျောညီထွေ ရှိမည့် ဆရာဆရာမများ အရည်အချင်းကိုလည်း မြှင့်တင်ပေးရန် လိုအပ်သည်ဟု ဆိုသည်။

“ရှိနေပြီးသား ကျောင်းတွေထဲမှာ ရခိုင်ပြည်အနှံ့မှာ ကျောင်းဦးပဓိရုပ် ယိုယွင်းနေတာတွေ အတော်လေး တွေ့ရှိရပါတယ်။ ကျောင်းနေပျော်၍ စာတော်ရမည်ဆိုသည့် ဆောင်ပုဒ်အတိုင်း ကျောင်းမှာ ကလေးတွေ နေပျော်အောင် အဆောက်အဦကောင်းကောင်း၊ အနေအထား ကောင်းကောင်း၊ ပတ်ဝန်းကျင်ကောင်းကောင်း တည်ဆောက်ပေးဖို့ လိုအပ်ပါတယ် ”ဟု ဆရာဦးသန်းထွန်းက ပြောသည်။

အသစ်တိုးချဲ့လာသည့် ကျောင်းများတွင်လည်း အသစ်တိုးလာသည်နှင့် တစ်ပြိုင်နက် ကျောင်းအသစ် အဆင့်မြင့် လာစေရန်အတွက် သင့်တင့်လျောက်ပတ်သည့် အခန်းများကို စီစဉ်ပေးဖို့ လိုအပ်ကြောင်း၊ နဂိုရှိသည့် ကျောင်းအဆောက်အဦဟောင်း၌ပင် ပြွတ်သိပ်ထိုးပြီး မထားသင့်ဟု ဝေဖန်ထောက်ပြသည်။

“ဒီလို တိုးချဲ့လာပေမယ့် အဆင့်မီ ဆရာဆရာမတွေ ပြည့်စုံ လုံလောက်မှု မရှိသေးတဲ့အတွက် ဆရာ ဆရာမ အသစ်တွေ တိုးချဲ့ခန့်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဆောက်အဦ မကောင်းတဲ့ ကျောင်းတွေအတွက်လည်း အဆောက်အဦ တိုးချဲ့ ဆောက်လုပ်ပေးဖို့ လိုအပ်ပါသေးတယ်”ဟု ရခိုင်ပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ကျန်းမာကြံ့ခိုင်မှ ပညာရေးကို လေ့လာလိုက်စားနိုင်မည် ဆိုသော်လည်း ကျောင်းသူ ကျောင်းသားများ ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ရန် အားကစားကွင်းများ ရခိုင်ပြည်နယ်အနှံ့ ကျောင်းများတွင် လုပ်ပေးရန် လိုအပ်နေသေးကြောင်း လေ့လာသိရှိရသည်။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...