ကျောက်ဖြူတွင် (၂၃၂)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျရှံုးနေ့ အောက်မေ့ဖွယ်နေ့အခမ်းအနား ပြာသိုလကွယ်နေ့တွင် ကျင်းပမည်

ကျောက်ဖြူတွင် (၂၃၂)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျရှံုးနေ့ အောက်မေ့ဖွယ်နေ့အခမ်းအနား ပြာသိုလကွယ်နေ့တွင် ကျင်းပမည်
by -
နိရဥ္စရာ
(၂၃၂)နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျဆုံးနေ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ကျောက်ဖြူမြို့နယ်၊ ဂုံးချိန်ကျေးရွာအနီးရှိ ကံ့ကော်တော ဘုရားတွင် ပြာသိုလကွယ်နေ့၊ ဇန်နဝါရီလ(၂၇)ရက်နေ့တွင် ကျင်းပသွားမည်ဟုသိရသည်။

“အရင်နှစ်တွေကတော့ ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျရှံုးနေ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ကျင်းပကြတယ်။ ဒီနှစ်မှာတော့ ရခိုင်ဘုရင်မဟာ သမ္မတရာဇာကို ဖမ်းမိတဲ့နေ့ ပြာသိုလကွယ်နေ့ကို ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရခိုင်ဘုရင်မဟာသမ္မတရာဇာကို ပြာသို လကွယ်နေ့မှာမှ အဖမ်းခံရတယ်လို့သိရတယ်။ ဘုရင်ကို ဖမ်းမိတဲ့နေ့မှ ရခိုင်နိုင်ငံတော်ကျရှံုးနေ့ဖြစ်တယ်လို့ ယူဆကြတဲ့အတွက် ပြာသိုလကွယ်နေ့ကို
ပြောင်းလဲကျင်းပရတာဖြစ်ပါတယ်’’ဟု ပွဲဖြစ်မြောက်ရေး ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည် ကပြောသည်။

၁၁၄၆ခုနှစ်၊ ပြာသိုလဆုတ်(၇)ရက်နေ့တွင် ဗမာဘုရင်ဘိုးတော်ဦးဝိုင်းရဲ့ ကျူးကျော် တိုက်ခိုက်မှုကြောင့် မြောက်ဦးထီးနန်း မီးရှို့ခံရကာ ကျရှုံးသွားသော်လည်း ရခိုင်ဘုရင် မဟာသမ္မတရာဇာနှင့် မိဖုရားကို ပြာသိုလကွယ်နေ့တွင်သာ မြေပုံမြို့နယ်၊ ကျွန်းသာယာတွင် အဖမ်းခံခဲ့ရသည်။

ရခိုင်ဘုရင့်နိုင်ငံတော်ကျရှံုးနေ့ ကို ပြာသိုလကွယ်နေ့ နံနက်ပိုင်းတွင် ကံ့ကော်တော ဘုရား၌ သံဃာတော်(၃၀)ပါးပင်ဖိတ်ကာ ဆွမ်းကျွေးမွေးခြင်း၊ ဆုတောင်းအမျှဝေခြင်းနှင့် ကဗျာရွတ်ခြင်းပြုလုပ် သွားမည်ဖြစ်ပြီး ညနေပိုင်းတွင် စာပေဟောပြောပွဲကို ဦးပညာစာရ၊ ဆရာသူမြတ်(မဟာအောင်မြေ)၊ ဆရာဂျော်ဂျီ တို့ကဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာအာဏာကျရှံုးနေ့ အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ပြာသိုလကွယ်နေ့(ဇန်နဝါရီလ၂၇ရက်)နေ့တွင် ကျောက်ဖြူမြို့ အပါအဝင် မြောက်ဦးမြို့၊ မြေပုံမြို့နယ်၊ ကျွန်းသာယာရွာတို့တွင်လည်း ကျင်းပရန်သွားမည်ဟုသိရသည်။

ရခိုင်ဘုရင့်နိုင်ငံတော် ကျရှံုးနေ့ အောက်မေ့ဖွယ် အခမ်းအနားကို စစ်တွေ၊ ကျောက်တော်၊ အမ်း၊ သံတွဲ၊ မာန်အောင်မြို့နယ်တို့တွင် ဒီဇင်ဘာ(၃၁)ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...