မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားတွင် လုပ်သေနတ်အများအပြားဖမ်းမိ

မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားတွင် လုပ်သေနတ်အများအပြားဖမ်းမိ
by -
နိရဥ္စရာ
မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသော ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇား ( ရခိုင်အခေါ် ဖလောင်းချိတ်)တွင် လုပ်သေနတ် အများအပြား အပါအဝင် သေနတ်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် အတူ လူနှစ်ဦးကို ယနေ့တွင် ဖမ်းမိသည်ဟု သိရသည်။

ကော့စ်ဘဇား အခြေစိုက် အမှတ် (၇) ဘင်္ဂလာဒေ့ရှ် အထူးမူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (RAB) မှ သတင်းအရ ကော့စ်ဘဇားခရိုင် မော်ရှ်ခါလီ ( ရခိုင်အခေါ် မဟားဇိုး) ကျွန်းတွင် ရှာဖွေမှု ပြုလုပ်စဉ် ၎င်းလုပ်သေနတ်များကို ဖမ်းမိခြင်း ဖြစ်သည်ဟု ဘင်္ဂလာဒေ့ရှ်က လာသော သတင်းများတွင် ဖော်ပြသည်။

ယခု ဖမ်းမိသော နေရာသည် တောနက်သည့် တောင်ကုန်းတစ်ခု ဖြစ်ပြီး မဟားဇိုးကျွန်းရှိ ပါဟာတာလီရွာ အနီးတွင် ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးမိရာတွင် တစ်လုံးထိုး သေနတ်ပြောင်းရှည် ၁၄ လက်၊ အတို ၆ လက်၊ ဒေသလုပ် ပစ္စတိုနှင့် ကျည် ၂၂ တောင့်၊ စက် လွန်ပူ နှင့် သေနတ်တွင် အသုံးပြုမည့် သံပိုက် သုံးခု၊ ပစ္စည်း ကရိယာ အများအပြားကို သိမ်းဆည်းရမိသည်ဟု သတင်းတွင် ဖော်ပြသည်။

သေနတ်လုပ်သူ အချို့မှာ ထွက်ပြေး လွတ်မြောက်သွားပုံရပြီး နံနက် အစောကြီးကတည်း ပြုလုပ်သော ရှာဖွေမှုမှာ မွန်းတည့် ၁ နာရီခွဲမှ ပြီးဆုံးခဲ့သည်ဟု ဆိုသည်။

အဖမ်းခံရသည့် သေနတ်လုပ်သူ နှစ်ဦးမှာ အဘာဒူရ်မာဘု (၄၀) နှစ်နှင့် အဘူတာဟဲ (၄၂) နှစ်တို့ ဖြစ်ကြသည်။

Ref: The Daily Star — Huge cache of arms recovered in Cox’s Bazar

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...