“အနောက်ဘက်တံခါး မြေလု စစ်ပွဲ” စာအုပ် ထွက်ရှိ

“အနောက်ဘက်တံခါး မြေလု စစ်ပွဲ” စာအုပ် ထွက်ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် အကြောင်းကို ရေးထားသားသော “အနောက်ဘက်တံခါးမြေလုစစ်ပွဲ” စာအုပ် ထွက်ရှိလာပြီဖြစ်သည်။

njr0601

အဆိုပါစာအုပ်ကို ရခိုင်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် သားရွှေဦး(ကစ္ဆပ)က ရေးသားထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ပထမအပတ်တွင် ထွက်ရှိလာခြင်းဖြစ်သည်။

“အနောက်ဘက်တံခါး အချုပ်အချာအာဏာအောက်ကို ပြန်လည်ရောက်ရှိရေးနဲ့ ရခိုင်လူမျိုးတွေ ဆက်လက်ရပ်တည်နိုင်ရေးအတွက် လုပ်တဲ့အခါ တစ်ထောင့်တစ်နေရာကနေ အထောက်အကူ ဖြစ်စေရေးအတွက် ဂျာနယ်လစ်တစ်ယောက်အမြင်နဲ့ တိကျခိုင်မာတဲ့ သတင်းအချက်အလက်တွေ အပေါ်မှာ အခြေခံပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဒေသခံရခိုင်လူမျိုးတွေရဲ့ ဆန္ဒ၊ သဘောထား အမြင်၊ အသံပေါင်းများစွာကို ထည့်သွင်းရေးသားထားတဲ့ အပြင် အနောက်ဘက်တံခါး မြေလုစစ်ပွဲ ဆိုတဲ့ စာအုပ်ကို ပကတိ မြေပြင် အခြေအနေတွေကို လေ့လာပြီး မောင်တော ဒေသမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိရှိအောင် စာဖတ်သူတွေဆီ ချပြလိုက်ရခြင်းဖြစ်ပါတယ်” ဟု စာရေးသူ သားရွှေဦး (ကစ္ဆပ)က နိရဥ္စရာ သတင်းဌာသို့ ပြောသည်။

အဆိုပါစာအုပ်တွင် ရခိုင်မြေကို ဘင်္ဂါလီများ မြေလုရန်ကြိုးစားလာသည့်အကြောင်းများအပါအဝင် မကြာသေးမီက မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများအကြောင်းနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသည့်အဖွဲ့များအကြောင်းကိုလည်း သမိုင်းဆိုင်ရာအချက် အလက်အခိုင်အမာဖြင့် ဖော်ပြထားသည်။

အဆိုပါစာအုပ်အား တစ်အုပ်လျှင် ကျပ် ၂ဝဝဝ ဖြင့် တောင်မင်းကျော်ထွီးစာပေတိုက်က ထုတ်ဝေဖြန့်ချီနေခြင်းဖြစ်သည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...