လူတန်းစားခွဲခြားခြင်းကို ပညာပေးမည့် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကား ရိုက်ကူး

လူတန်းစားခွဲခြားခြင်းကို ပညာပေးမည့် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကား ရိုက်ကူး
by -
နိရဥ္စရာ
ပကာသနတံတိုင်းကြားက ချစ်ရသူ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေသည်ကိုတွေ့ရစဉ် - ပုံ – အာရီယာန်
ပကာသနတံတိုင်းကြားက ချစ်ရသူ ဗီဒီယိုဇာတ်ကား ရိုက်ကူးနေသည်ကိုတွေ့ရစဉ် - ပုံ – အာရီယာန်
လူတန်းစားခွဲခြားခြင်းကို ပညာပေးရန် ရည်ရွယ်ချက်ဖြင့် ရခိုင်စကားပြော ဗီဒီယိုဇာတ်ကားကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စတင်ရိုက်ကူးနေပြီဟု သိရသည်။

“ပကာသနတံတိုင်းကြားက ချစ်ရသူ” ဟု အမည်ပေးထားသည့်အဆိုပါဇာတ်ကားကို ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ ရိုက်ကူးနေခြင်းဖြစ် သည်။

“ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ ဗီလိန်တစ်ယောက်ပေါ့။ ရွာမှာအရက်သောက်ပြီးတော့ ဆိုးရွားနေတဲ့ သူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ ” ဟု သရုပ်ဆောင် အာရီယာန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ဇာတ်ကားတွင် ခေါင်းဆောင်မင်းသားအဖြစ် ရာဇာထွန်း၊ ခေါင်းဆောင် မင်းသမီးအဖြစ် ဝင်းလဲ့လဲ့ဖြိုးတို့က ပါဝင်သရုပ်မည်ဖြစ်ပြီး ဟာသသရုပ်ဆောင် ဗဂျီးကျော် (စစ်တွေ)နှင့် တခြား ဇာတ်ပို့ဇာတ်ရံများဖြင့် ရိုက်ကူးနေခြင်းဖြစ်သည်။

“ဒီဇာတ်ကားက ချမ်းသာတဲ့ မင်းသမီး မိဘတွေက ဓနကို မောက်ပြီးတော့ ဆင်းရဲတဲ့ မင်းသားနဲ့ သဘောမတူဘူး။ ဒါကြောင့် မင်းသမီးကို မြို့ကိုပို့လိုက်တယ်။ မင်းသမီးက မြို့မှာ ဘဝပျက်တယ်။ လူတန်းစားခွဲခြားတဲ့အကြောင်းကို ဇာတ်နာအောင်ရိုက်မယ့်ဇာတ်လမ်းပါ”ဟု ခေါင်းဆောင်မင်းသား၏ မွေးစားဖခင်အဖြစ် ပါဝင်သရုပ်ဆောင်မည့် ဗဂျီးကျော် (စစ်တွေ)က နိရဥ္စရာကိုပြောသည်။

အဆိုပါဇာတ်လမ်း၏ ဝတ္ထု၊ ဇာတ်ညွှန်းနှင့် ဒါရိုက်တာမှာ ချစ်ဦးကိုဖြစ်ပြီး ယင်းဇာတ်ကားကို များမကြာမီ ဖြန့်ချိသွားမည်ဟုလည်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...