ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်းအောက်မေ့ဖွယ် အခမ်းအနား ကျင်းပရေးကော်မတီဖွဲ့စည်း

ရခိုင်ဘုရင်နိုင်ငံတော်ကျဆုံးခြင်းအောက်မေ့ဖွယ် အခမ်းအနား ကျင်းပရေးကော်မတီဖွဲ့စည်း
by -
နိရဥ္စရာ
နှစ်ပေါင်း ၂၃၂ နှစ် ပြည့်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ကြီးကျယ်စွာ ကျင်းပနိုင်ရေး အတွက် ကျင်းပရေး ကော်မတီ တစ်ခုကို ကျေးရွာပေါင်း ၅၃ ရွာမှ ကော်မတီဝင် ၁၃၀ ဖြင့် ဒီဇင်လာ ၁၆ ရက် တွင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

njr2003ဒီဇင်ဘာ ၁၆ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း ကျောက်တော်မြို့နယ် မဟာမုနိကုန်းတော်ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးမှ အခမ်းအနား ကျင်းပရေး ကော်မတီကို လူပေါင်း ၁၃၀ ဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သရက်တပင်ကျေးရွာမှ လူငယ် တက်ကြွ လူပ်ရှားသူ ကိုမျိုးဝင်းက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်တို့ ဒီနေ့ ပြုလုပ်တဲ့ အစည်းအဝေးကို သရီချောင်းကမ်းခြေ ကျေးရွာပေါင်း ၅၃ ရွာက ကိုယ်စားလှယ်တွေ တက်ရောက်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဆရာတော်ကြီးတွေလည်း တက်ရောက်ပါတယ်။ ဆရာတော်ကြီးတွေကို အမှူးထားပြီး ကော်မတီိကို လူပေါင်း ၁၃၀ နဲ့ ဖွဲ့စည်းခဲ့ပါတယ်” ဟု သူက ပြောသည်။

njr2004၂၃၂ နှစ် ပြည့်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သမိုင်းဝင် ကျောက်တော်မြို့နယ် မဟာမုနိ ကုန်းတော်ပေါ်တွင် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ANP ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရခိုင်သမိုင်းသုတေသီ အရှင်ပညာစာရနှင့် သူမြတ်(မဟာအောင်မြေ)တို့အား ဖိတ်ကြားထားပြီး ဟောပြောပွဲလည်း ကျင်းပသွားမည်ဟု ဆိုသည်။

 အစည်းအဝေးတွင် သရက်တပင်ကျေးရွာမှ ဦးမောင်ယောင်းချေအား ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြ သည်။

ယနေ့ ပြုလုပ်သော အစည်းအဝေးမှာ ဒုတိယအကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည် ပထမအကြိမ် အစည်းအဝေးသို့ ကျေးရွာ ၅၀ ကျော်မှ လူပေါင်း ၆၀၀ ကျော်တက်ရောက်ခဲ့ပြီး နှစ်ပေါင်း ၂၃၂ နှစ် ပြည့်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်ရန် သဘောတူညီခဲ့ကြပြီး ကျေးရွာ တစ်ရွာလျှင် ကျပ်ငွေ တစ်သိန်းနှင့် တစ်သိန်းခွဲစီ ထည့်ဝင်ရန် သဘောတူထားကြောင်း သိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ကျွန်းလုံးကျွတ် အစည်းအဝေး/ ဓာတ်ပုံ- မျိုးဝင်း

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...