ဘူးသီးတောင်မြို ့နယ် ဖုံညိုလိပ်ဘင်္ဂလီရွာတွင်မီးလောင်မှုကြောင့် ကလေးနှစ်ဦးသေဆုံး

ဘူးသီးတောင်မြို ့နယ် ဖုံညိုလိပ်ဘင်္ဂလီရွာတွင်မီးလောင်မှုကြောင့် ကလေးနှစ်ဦးသေဆုံး
by -
နိရဥ္စရာ
ဓာတ်ပုံ- နေဇော်လင်း
ဓာတ်ပုံ- နေဇော်လင်း
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖုံညိုလိပ် ဘင်္ဂလီရွာတွင် ယနေ့ နံနက် အစောကြီး ၂ နာရီ ၁၀ မိနစ်က လူနေအိမ်နှင့်ဆိုင်းခန်းအချို့ မီးလောင်ပြီး ကလေးနှစ်ဦး မီးထဲပါ သေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါ မီးလောင်မှုအား ကွင်းဆင်း စစ်ဆေးနေသူ တောင်ဘဇားနယ်ခြားစောင့် စခန်းမှ စခန်းမှူးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ အိမ် ၈ လုံး၊ ဆိုင်ခန်း ၉ ခန်း၊ အသက် ရနှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ် နှစ်ဦး မီးလောင် သေဆုံးသွားကြောင်း အတည်ပြု ပြောကြားသည်။

“ မီးကတော့ ပေါ့ဆမီးပါ။ နံနက် ၂ နာရီ ၁၀ မိနစ်မှာ စပြီး ကော်ဘီအာမောက် (၄၄) နှစ်အိမ်က စလောင်တာပါ။ အိမ်ရှင် ဖြစ်သူ ကော်ဘီအာမောက်ကတော့ ရှောင်တိမ်းနေပါတယ်” ဟု စခန်းမှူးက ပြောသည်။

ကော်ဘီအာမောက်အား မီးပေါ့ဆမှု ပုဒ်မ ၂၈၅၊ လူသေမှု ၃၀၄/က ဖြင့် အမှုဖွင့်ထားကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခုအခါ အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများကို ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ဌာနဆိုင်ရာ ၀န်ထမ်းများ ဘူးသီးတောင်မှ လိုက်လာနေကြောင်း သိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...