ရန်ကုန် ၀ီတိုရိယဆေးရုံတွင် ရခိုင်မှ လူနာ လာပြသူထံက ငွေ ၅၈၀၀၀၀ လိမ်လည်မှု ဖြစ်ပွား

ရန်ကုန် ၀ီတိုရိယဆေးရုံတွင် ရခိုင်မှ လူနာ လာပြသူထံက ငွေ ၅၈၀၀၀၀ လိမ်လည်မှု ဖြစ်ပွား
by -
နိရဥ္စရာ
ရန်ကုန်မြို့ ရှစ်မိုင် ၀ီတိုရီယ ဆေးရုံတွင် ဆေးစာ လာယူသူ ရခိုင်အမျိုးသား တစ်ဦးထံမှ လက်ထောက် ဆရာဝန်ကြီးဟု ဆိုကာ ငွေ ငါးသိန်းရှစ်သောင်းအား ဒီဇင်ဘာလ ၁၅ ရက်နံနက်ပိုင်းက လိမ်လည် ယူဆောင်သွားကြောင်း  ကာယကံရှင် ရခိုင်အမျိုးသား ဦးလှမောင်ကြီးက နိရဥ္စရာသတင်းဌာနသို့ ဖုန်းဆက်ပြောကြားသည်။

“ ကျွန်တော်က ဒီကနေ့ နံနက် ၈ နာရီမှာ သီရိ စန္ဒာဆေးရုံမှာ တင်ထားတဲ့ ကျွန်တော် အစ်မ ဒေါ်ဦးတင်ညွှန့်အတွက် ဆေးစာ လာယူစဉ် လက်ထောက်ဆရာဝန်ကြီး ဒေါက်တာ နိုင်စောဆိုသူက ကျွန်တော် အစ်မကို ဆေးကုပေးမယ်ဆိုပြီး ပါလာတဲ့ ပိုက်ဆံ ရှစ်သိန်း ငါးသောင်းကို လိမ်လည် ယူဆောင်သွားပါတယ်” ဟု ဦးလှမောင်ကြီးက ပြောသည်။

ဦးလှမောင်ကြီးမှာ ပုဏ္ဍားကျွန်းမြို့နယ် ကြံခင်းရွာမှ ဖြစ်ပြီး အစ်မ ဖြစ်သူကို ရန်ကုန်တွင် ဆေးလာကုစဉ် ယခုလိုလိမ်လည်ခံ ရခြင်း ဖြစ်သည်။

“ သူက ကျွန်တော်ကို အထုပ်တွေကို ထားခဲ့၊ ဆရာဝန်ကြီးကို သွားကန်တော့ရမယ်ဆိုပြီး ကျွန်တော်ကို မုန့်ဝယ်ခိုင်းတယ်။ ကျွန်တော် လက်ထဲပါလာတဲ့ အထုပ်ကိုလည်း မရမနေ ထားခဲ့ဆိုပြီး ပြောတယ်။ ကျွန်တော်ကလည်း ဆရာဝန်ကြီးဆိုပြီး အားနာပြီး အထုပ်ထားခဲ့တယ်။ အခန်းထဲ ပြန်လာတော့ မရှိတော့ဘူး။ လိုက်ရှာတော့လည်း မတွေ့တော့ဘူး။ ဆေးရုံမှာ မေးတော့လည်း ဒေါက်တာ နိုင်စိုးကို မသိဘူးလို့ ပြောတယ်” ဟု ဦးလှမောင်ကြီးက ပြောကြားသည်။

ပါလာသော ငွေ ၅၈၀၀၀၀ အလိမ်ခံလို်က်ရသဖြင့် ရခိုင်မှ လာရောက်ပြီး ဆေးရုံတက် ဆေးကုသနေရသူ ဒေါ် ဦးတင်ညွှန့်နှင့် ဦးလှမောင်ကြီးတို့မှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သိရှိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...