အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား PFP က စစ်တွေတွင်ကျင်းပ

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနား PFP က စစ်တွေတွင်ကျင်းပ
by -
နိရဥ္စရာ
ဓာတ်ပုံ- PFP အဖွဲ့ အမှုဆောင်ဒါရိုက်ဦးစိုးလင်း မိန်းခွန်းပြောကြားနေစဉ်။
ဓာတ်ပုံ- PFP အဖွဲ့ အမှုဆောင်ဒါရိုက်ဦးစိုးလင်း မိန်းခွန်းပြောကြားနေစဉ်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံရှိ ခန်းမတွင် ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို People For People မှ စီစဉ်ပြုလုပ် ကျင်းပခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်အတိုင်းအတာ အနေနဲ့ လူ့အခွင့်အရေးကို တွင်တွင်ကျယ်ကျယ် လုပ်ဖို့ လိုအပ်လာပါတယ်။ ရခိုင်ပြည်နယ်မှာ အမြဲတမ်းဆိုသလို ပဋိပက္ခနဲ့ ရင်ဆိုင်နေရပြီး ဆင်းရဲမွဲတေနေတဲ့အတွက် လူ့အခွင့်အရေးရဲ့ အနှစ်သာရကို မသိတဲ့အတွက် ကိုယ်တို့ရသင့်တဲ့ အခွင့်အရေးတွေဟာ ဘာလဲ၊ ဘာတွေဆုံးရှုံးနေတာလဲ ဆိုတာကို ပြည်သူတွေ သတိထားမိလာအောင် ရည်ရွယ်ပြီးတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု People for People မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးလင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်သူများက လူ့အခွင့်အရေးကို အလေးထားလေ့လာမှု မရှိသလို နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့်လည်း ဌာနေတိုင်းရင်းသား ရခိုင်လူမျိုးအတွက် လူ့အခွင့်အရေး ဆုံးရှုံးနေမှုများကို မဖေါ်ပြကြသည့်အပြင် အကူအညီပေးမှုလည်း မရှိသလောက်ဖြစ်ပြီး၊ ဘင်္ဂလီများ၏ လူ့အခွင့်အရေး ဆုံးရှုံးနေမှုများကိုသာ ဖေါ်ပြပြီး သူတို့ကိုသာ အကူအညီပေးနေသည်ကို သတိထားမိသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် လူငယ်များသည် စီးပွားရေးအခွင့်အလမ်း ဆုံးရှုံးမှုကြောင့် ရခိုင်ပြည်ပြင်ပနှင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ် ကိုင်နေကြသော်လည်း မိမိတို့ ဆုံးရှုံးနေသော အခွင့်အရေးများကို ရရှိအောင် တိုက်ပွဲဝင်ပြီး မိမိနယ်မြေတွင် လုပ်ကိုင်နိုင်ရန် လုပ်ကိုင်ဆောင်ရွက်မှုမရှိဖြစ်နေသည်ဟု ဦးစိုးလင်းကပြောသည်။

PFP အနေဖြင့် ရခိုင်ပြည်နယ်ထဲတွင် လူအခွင့်အရေးနေ့ အခမ်းအနားကို ယခုတစ်ကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး တစ်နှစ်ထက် တစ်နှစ် ကျယ်ပြန့်အောင် ပြုလုပ်သွားမည်ဟု ဆိုသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့သည်ဟု သိရှိရသည်။

PFP သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ခိုင်သဇင်ခန်းမတွင် ပြုလုပ်သည့်အပြင် စစ်တွေမြို့ရှိ လောကနန္ဒာစေတီအနီးနှင့် ဦးဥတ္တမပန်းခြံတွင်လည်း လူ့အခွင့်အရေး ဆုံးရှုံးမှု သရုပ်ပြမှုများကို ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...