ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဌာနကို တရားစွဲဆိုမှု ဒီဇင်ဘာ ၁၆ ရက်နေ့ ကြားနာစစ်ဆေးမည်

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဌာနကို တရားစွဲဆိုမှု ဒီဇင်ဘာ ၁၆ ရက်နေ့ ကြားနာစစ်ဆေးမည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေး ဆောက်လုပ်ခဲ့စဉ်က သိမ်းယူခံခဲ့ရသော မြေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးဌာနအား တရားစွဲဆိုထားသည့် အမှုကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်စစ်ဆေးမည်ဟု သိရသည်။

စစ်တွေမြို့နေ ဒေါ်ခင်စိန်က နဝတ ခေတ်တပ်မတော်အစိုးလက်ထက်တွင် သူမ၏ မြေအား လျော်ကြေး တစ်စုံတစ်ရာ မပေးဘဲ စစ်တွေမြို့မစျေး ဆောက်လုပ်ရန် သိမ်းသွားခဲ့သဖြင့် လျော်ကြေး ကျပ် သိန်းပေါင်း ၂၀၀၀၀ ရရှိလိုကြောင်း ပြည်နယ်တရားလွှတ်တော်တွင် ယခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က တရားစွဲဆိုထားသည်ဟု သိရသည်။

“စည်ပင်ဝန်ကြီးဌာနကို တရားစွဲဆိုထားတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူပုဂ္ဂိုလ်ကို စွဲတာမ ဟုတ်ပါဘူး။ အစိုးရအဖွဲ့ ၀န်ကြီးဌာနကို စွဲတဲ့သဘောပါ။ နဝတ ခေတ်တုန်းက စစ်တွေမြို့ မြို့မစျေး အတွက် သူမပိုင် မြေကို သိမ်းယူသွားတဲ့အတွက် ဒေါ်ခင်စိန်က တရားလိုပြုပြီး တရားမမှုနဲ့ စွဲတာပါ” ဟု ရခိုင်ပြည်နယ် တရားလွှတ်တော် လက်ထောက်ညွှန်ကြားရေးမှူး ဦးညိုလွင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တွေ မြို့မစျေးသစ် ဆောက်လုပ်ခဲ့စဉ်က မြေသိမ်းခံခဲ့ရသူ ၁၄ ဦးရှိခဲ့ကြောင်း၊ သူတို့အား ကျပ်သန်း ၁၀၀၀ ကျော် လျော်ကြေးပေးခဲ့ပြီဟု သိရကြောင်း၊ သို့သော် တရားစွဲဆိုသူ ဒေါ်ခင်စိန် အနေဖြင့် လျော်ကြေးတစ်စုံတရာ ရရှိထားမှု ရှိမရှိကို မသိရှိကြောင်း၊ သူမက တရားစွဲဆိုရာတွင် အနှစ် ၂၀ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် နေခဲ့ရသည့်အတွက် ကျပ်သိန်းပေါင်း ၂၀၀၀၀ ရရှိ လိုကြောင်းဖြင်း တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း ဦးညိုလွှင်က ဆက်လက် ပြောဆိုသည်။

၎င်းအမှုနှင့် ပတ်သက်ပြီး အချက်အလက်များ ကို စိစစ်နေဆဲဖြစ်ပြီး ပထမဆုံးရုံးချိန်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ ဖြစ်သည်ဟု သူက ဆိုသည်။

ယခုကဲ့သို့ အစိုးရအဖွဲ့ ၀န်ကြီးဌာနတစ်ခုကို တရားမမှုဖြင့် တရားစွဲဆိုခြင်း ရခိုင်ပြည်နယ်တွင် ယခင်က မရှိခဲ့ဖူးကြောင်း၊ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း လေ့လာသိရှိရသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...