ရသေ့တောင်မယူကမ်းမှ တတိယမြောက်ကြိုးတံတား ဒီဇင်ဘာ ၉ ရက်နေ့ ဖွင့်မည်

ရသေ့တောင်မယူကမ်းမှ တတိယမြောက်ကြိုးတံတား ဒီဇင်ဘာ ၉ ရက်နေ့ ဖွင့်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူကမ်းဒေသမှ ရန်အောင်ပြင်ချောင်းကို ဖြတ်သန်း တည်ဆောက်ထားသည့် တတိယမြောက် ကြိုးတံတားကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် အခမ်းအနားဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

၎င်းတံတားအတွက် ထည့်ဝင် မတည် ကူညီကြသူများမှာ  အီတလီနိုင်ငံပင်မအလျှူရှင်က ကြိုးနဲ့အခင်းပြားအစုံ ၊ ပြည်နယ်အမတ်ဦး သန်းနိုင်မှ လှူဒါန်းငွေ သိန်း ၁၅ဝ ၊ ပြည်နယ်အစိုးရမှ လှူဒါန်းငွေ သိန်း ၁၅ဝ ၊ ပြည်နယ်လွှတ်တော်မှ ထည့်ဝင်လှူဒါန်းငွေ သိန်း ၅ဝ ၊ ဒေသခံများမှ စုပေါင်းလှူဒါန်းငွေ သိန်း ၁ဝဝခန့်တို့ ဖြစ်ကြသည်။

၎င်းပြင်တံတား အတွက် လိုအပ်ငွေ သိန်း၃ဝဝကို ဦးဦးသန်းနိုင်မှ စိုက်ထုတ်ပြီးအကုန်အကျခံထားကြောင်းသိရှိရသည်။

မယူကမ်း ဒေသတွင် ပထမ ကြိုးတံတားကို လောင်းချောင်း၌ လည်းကောင်း၊ ဒုတိယမြောက်တံတားကို စေတီပြင် ၌လည်းကောင်း၊ ယခု တတိယ မြောက် တံတားအား ရန်အောင်ပြင်တွင် လည်းကောင်း တည်ဆောက်ထားခြင်း ဖြစ်သည်။ ယခုတံတားကို ရန်အောင်ပြင်နှင့် ကုန်တန်းကျေးရွာအကြားရှိ ရန်အောင်ပြင်ချောင်းကို ဖြတ်ထိုးထားခြင်း ဖြစ်သည်။

njr1203

လွန်ခဲ့သော သြဂုတ်လ အတွင်းက ကျောက်စာတိုင်ကျေးရွာမှ ကျောင်းသူ ၄ဦးသည် ရန်အောင်ပြင် အထကသို့ ကျောင်းတက်ရန် ကူးတို့လှေဖြင့် ချောင်းကိုဖြတ်ကူးစဉ်  လှေမှောက်ရေနစ်သေဆုံးခဲ့ရသည်။

၎င်းနောက်ပိုင်းတွင် ရန်အောင်ပြင်ချောင်းကို ကြိုးတံတားထိုးရန် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်၊ ရန်အောင်ပြင်ဒေသခံများက ကြိုးပမ်းဆောင်ရွက်ကြပြီးနောက် ယခုတံတားကို အောင်မြင်စွာတည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ- တံတားကို ဦးဦသန်းနိုင်နှင့် ပြည်နယ် ကျေးလက်ဦးစီးမှူး ဦးထွန်းဝေတို့မှ စစ်ဆေးနေစဉ်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...